တ​မန်​တော်​ဝတ္ထု 10:29-35 MSB

29 ထို့​ကြောင့် ငါ​သည် ခေါ်​ဖိတ်​ခြင်း​ခံ​ရ​သော​အ​ခါ မ​ငြင်း​ဆို​ဘဲ လာ​ခဲ့​၏။ သို့​ဖြစ်​၍ ငါ့​အား မည်​သည့်​အ​ကြောင်း​ကြောင့် ခေါ်​ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။

30 ကော်​နေ​လိ​က​လည်း “လွန်​ခဲ့​သော​သုံး​ရက်​က ဤ​အ​ချိန်​မွန်း​လွဲ​သုံး​နာ​ရီ​တွင် အ​ကျွန်ုပ်​အိမ်​၌ အ​ကျွန်ုပ်​ဆု​တောင်း​နေ​စဉ် တောက်​ပ​သည့်​အ​ဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အ​ကျွန်ုပ်​ရှေ့​၌​ရပ်​လျက်

31 ‘ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​သံ​ကို ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​၍ သင်​၏​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အောက်​မေ့​စ​ရာ​ဖြစ်​လေ​ပြီ။

32 ထို့​ကြောင့် ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။ သူ​သည် ပင်​လယ်​ကမ်း​နား​ရှိ သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​၌ တည်း​ခို​နေ​၏’​ဟု မြွက်​ဆို​ခဲ့​ပါ​သည်။

33 သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည် သင့်​ထံ​သို့ ချက်​ချင်း​လူ​လွှတ်​ခဲ့​ပါ​သည်။ သင်​သည်​လည်း ကြွ​ရောက်​လာ​သော​ကြောင့် ကျေး​ဇူး​တင်​ပါ​သည်။ ယ​ခု အ​ကျွန်ုပ်​တို့​အား​လုံး​သည် သင့်​အား သ​ခင်​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို ကြား​နာ​ရန် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ရှိ​နေ​ကြ​ပါ​သည်”​ဟု ဆို​လေ​၏။

34 ထို​အ​ခါ ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘု​ရား​သ​ခင်​သည် မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ဘဲ

35 မည်​သည့်​လူ​မျိုး​မ​ဆို ကိုယ်​တော်​ကို​ကြောက်​ရွံ့​လျက် ဖြောင့်​မတ်​စွာ​ပြု​ကျင့်​လျှင် နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း ငါ​အ​မှန်​ပင်​သ​ဘော​ပေါက်​ပြီ။