35 မည်သည့်လူမျိုးမဆို ကိုယ်တော်ကိုကြောက်ရွံ့လျက် ဖြောင့်မတ်စွာပြုကျင့်လျှင် နှစ်သက်လက်ခံတော်မူကြောင်း ငါအမှန်ပင်သဘောပေါက်ပြီ။
36 ဘုရားသခင်သည် လူအပေါင်းတို့၏အရှင်သခင်ဖြစ်တော်မူသော ယေရှုခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြော၍ အစ္စရေးအမျိုးသားတို့ထံသို့ ပေးပို့တော်မူသောနှုတ်ကပတ်တရားကို သင်တို့သိကြ၏။
37 ထို့ပြင် ယောဟန်သည် ဗတ္တိဇံတရားကိုဟောပြောသည့်နောက်တွင် ဂါလိလဲနယ်မှအစပြု၍ ယုဒနယ်တစ်လျှောက်လုံး၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်းကောင်း၊
38 ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
39 ငါတို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူးလူမျိုးတို့၏တိုင်းပြည်၌ ကိုယ်တော်ပြုခဲ့သောအရာအားလုံး၏သက်သေများဖြစ်ကြ၏။ လူတို့သည် ကိုယ်တော်ကို သစ်တိုင်ပေါ်၌ဆွဲထား၍ အသေသတ်ခဲ့ကြ၏။
40 သို့သော် ဘုရားသခင်သည် ကိုယ်တော်ကို သုံးရက်မြောက်သောနေ့၌ ထမြောက်စေ၍ ကိုယ်ထင်ရှားပြရသောအခွင့်ကို ပေးတော်မူ၏။
41 သို့ရာတွင် လူအားလုံးထံ၌မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင်ကြိုတင်ခန့်ထားသော ငါတို့ထံ၌သာ ကိုယ်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် ငါတို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြ၏။