တ​မန်​တော်​ဝတ္ထု 10:4-10 MSB

4 ထို​ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​ရင်း သူ​သည် ကြောက်​လန့်​၍ “သ​ခင်​ဘု​ရား၊ မည်​သည့်​အ​ကြောင်း​အ​ရာ​ရှိ​ပါ​သ​နည်း”​ဟု မေး​လေ​၏။ ကောင်း​ကင်​တ​မန်​က​လည်း “သင်​၏​ဆု​တောင်း​ခြင်း​နှင့်​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​တို့​သည် အ​မှတ်​ရ​စ​ရာ​အ​ဖြစ် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။

5 ထို့​ကြောင့် ယ​ခု သင်​သည် ယုပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။

6 သူ​သည် သား​ရေ​နယ်​သ​မား​ရှိ​မုန်​အိမ်​၌ တည်း​ခို​နေ​၏။ ထို​အိမ်​သည် ပင်​လယ်​ကမ်း​နား​တွင်​ရှိ​၏”​ဟု မြွက်​ဆို​လေ​၏။

7 မိ​မိ​အား​မြွက်​ဆို​သော​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် အ​စေ​ခံ​နှစ်​ဦး​နှင့် မိ​မိ​အ​နီး​အ​ပါး​တွင်​တာ​ဝန်​ထမ်း​ဆောင်​နေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော စစ်​သား​တစ်​ဦး​ကို​ခေါ်​၍

8 အ​ကြောင်း​စုံ​ကို​ပြော​ပြ​ပြီး​လျှင် သူ​တို့​ကို ယုပ္ပေ​မြို့​သို့ စေ​လွှတ်​လေ​၏။

9 နောက်​တစ်​နေ့​တွင် ထို​သူ​တို့​သည် ခ​ရီး​ပြု​လျက် ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​လာ​ကြ​စဉ် မွန်း​တည့်​ချိန်​ဝန်း​ကျင်​၌ ပေ​တ​ရု​သည် ဆု​တောင်း​ရန် လေ​သာ​ဆောင်​ပေါ်​သို့ တက်​သွား​လေ​၏။

10 ထို​အ​ချိန်​တွင် သူ​သည် ဆာ​လောင်​လျက် အ​စာ​စား​လို​စိတ်​ဖြစ်​ပေါ်​လေ​၏။ သို့​သော် အ​စား​အ​စာ​များ​ကို လူ​တို့​ပြင်​ဆင်​နေ​ကြ​စဉ် ပေ​တ​ရု​သည် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍