တ​မန်​တော်​ဝတ္ထု 10:41-47 MSB

41 သို့​ရာ​တွင် လူ​အား​လုံး​ထံ​၌​မ​ဟုတ်​ဘဲ သက်​သေ​အ​ဖြစ် ဘု​ရား​သ​ခင်​ကြို​တင်​ခန့်​ထား​သော ငါ​တို့​ထံ​၌​သာ ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီး​နောက် ငါ​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​ကြ​၏။

42 ထို့​နောက် ကိုယ်​တော်​က ကိုယ်​တော်​သာ​လျှင်​အ​သက်​ရှင်​သော​သူ​နှင့်​သေ​လွန်​သော​သူ​တို့​ကို​တ​ရား​စီ​ရင်​သူ​အ​ဖြစ် ဘု​ရား​သ​ခင်​ခန့်​အပ်​ထား​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟော​ပြော​ရန်​နှင့် သက်​သေ​ခံ​ရန် ငါ​တို့​အား မိန့်​မှာ​တော်​မူ​၏။

43 ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​အား​လုံး​တို့​သည်​လည်း ‘ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​တိုင်း ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​၏’​ဟု သက်​သေ​ခံ​ကြ​၏”​ဟူ​၍ ပြော​ဆို​လေ​၏။

44 ဤ​တ​ရား​စ​ကား​တို့​ကို ပေ​တ​ရု​ဟော​ပြော​နေ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​နေ​သူ​အား​လုံး​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​၏။

45 ပေ​တ​ရု​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့် အ​ရေ​ဖျား​လှီး​ထား​သော ယုံ​ကြည်​သူ​ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း​ဟူ​သော​ကောင်း​ချီး​လက်​ဆောင်​ကို လူ​မျိုး​ခြား​တို့​အ​ပေါ်​၌​လည်း သွန်း​လောင်း​တော်​မူ​သည့်​အ​တွက် အ​လွန်​အံ့​ဩ​ကြ​၏။

46 အ​ဘယ်​ကြောင့်​ဆို​သော် ထို​လူ​မျိုး​ခြား​တို့​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​လျက် ဘု​ရား​သ​ခင်​အား​ချီး​မွမ်း​ကြ​သည်​ကို သူ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ ပေ​တ​ရု​က

47 “ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​သော ဤ​သူ​တို့​အား ရေ​၌​ဗတ္တိ​ဇံ​မ​ခံ​စေ​ရန် မည်​သူ​တား​ဆီး​နိုင်​သ​နည်း”​ဟု ဆို​လျက်