တ​မန်​တော်​ဝတ္ထု 11:22-28 MSB

22 ထို​သူ​တို့​နှင့်​ပတ်​သက်​သည့်​သ​တင်း​ကို ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော အ​သင်း​တော်​သည်​ကြား​လျှင် ဗာ​န​ဗ​ကို အန္တိ​အုတ်​မြို့​အ​ထိ​သွား​ရန် စေ​လွှတ်​လေ​၏။

23 ဗာ​န​ဗ​သည် ရောက်​လာ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​လျက် ထို​သူ​အ​ပေါင်း​တို့​အား စိတ်​နှ​လုံး​ခိုင်​မြဲ​စွာ​ဖြင့် သ​ခင်​ဘု​ရား​၌ ဆက်​လက်​တည်​နေ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​လေ​၏။

24 အ​ကြောင်း​မူ​ကား သူ​သည် သူ​တော်​ကောင်း​ဖြစ်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ​သော​သူ​ဖြစ်​၏။ ထို​အ​ခါ များ​စွာ​သော​လူ​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​လာ​ကြ​၏။

25 ထို့​နောက် ဗာ​န​ဗ​သည် ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​ထွက်​သွား​၍

26 သူ့​ကို​တွေ့​လျှင် အန္တိ​အုတ်​မြို့​သို့​ခေါ်​လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး အ​သင်း​တော်​၌​စု​ဝေး​လျက် များ​စွာ​သော​လူ​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည် ထို​အန္တိ​အုတ်​မြို့​၌ “ခ​ရစ်​ယာန်”​ဟု ပ​ထ​မ​ဦး​ဆုံး​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​၏။

27 ထို​နေ့​ရက်​များ​၌ ပ​ရော​ဖက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​လာ​ကြ​၏။

28 ထို​သူ​တို့​အ​ထဲ​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်​ဝန်း​လုံး​၌ ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကျ​ရောက်​တော့​မည်​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ကြို​တင်​ဟော​ပြော​၏။ ထို​ဘေး​သည် က​လော​ဒိ​မင်း​၏​လက်​ထက်​တွင် ဖြစ်​ပေါ်​ခဲ့​၏။