တ​မန်​တော်​ဝတ္ထု 11:24-30 MSB

24 အ​ကြောင်း​မူ​ကား သူ​သည် သူ​တော်​ကောင်း​ဖြစ်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ​သော​သူ​ဖြစ်​၏။ ထို​အ​ခါ များ​စွာ​သော​လူ​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​လာ​ကြ​၏။

25 ထို့​နောက် ဗာ​န​ဗ​သည် ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​ထွက်​သွား​၍

26 သူ့​ကို​တွေ့​လျှင် အန္တိ​အုတ်​မြို့​သို့​ခေါ်​လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး အ​သင်း​တော်​၌​စု​ဝေး​လျက် များ​စွာ​သော​လူ​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည် ထို​အန္တိ​အုတ်​မြို့​၌ “ခ​ရစ်​ယာန်”​ဟု ပ​ထ​မ​ဦး​ဆုံး​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​၏။

27 ထို​နေ့​ရက်​များ​၌ ပ​ရော​ဖက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​လာ​ကြ​၏။

28 ထို​သူ​တို့​အ​ထဲ​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်​ဝန်း​လုံး​၌ ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကျ​ရောက်​တော့​မည်​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ကြို​တင်​ဟော​ပြော​၏။ ထို​ဘေး​သည် က​လော​ဒိ​မင်း​၏​လက်​ထက်​တွင် ဖြစ်​ပေါ်​ခဲ့​၏။

29 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​သီး​တတ်​နိုင်​သည့်​အ​တိုင်း ယု​ဒ​ပြည်​၌​နေ​ထိုင်​ကြ​သော ညီ​အစ်​ကို​တို့​အား အ​ထောက်​အ​ပံ့​ပို့​ပေး​ရန် ဆုံး​ဖြတ်​ကြ​၏။

30 သူ​တို့​သည် ထို​အ​တိုင်း​ပြု​လျက် ၎င်း​ကို ဗာ​န​ဗ​နှင့်​ရှော​လု​တို့​၏​လက်​မှ​တစ်​ဆင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ထံ​သို့ ပေး​ပို့​ကြ​၏။