တ​မန်​တော်​ဝတ္ထု 12:1-5 MSB

1 ထို​ကာ​လ​၌ ဟေ​ရုဒ်​မင်း​သည် အ​သင်း​တော်​မှ လူ​အ​ချို့​တို့​ကို မ​တ​ရား​နှိပ်​စက်​ရန် ဖမ်း​ဆီး​၍

2 ယော​ဟန်​၏​အစ်​ကို​ယာ​ကုပ်​ကို ဓား​ဖြင့်​ကွပ်​မျက်​လေ​၏။

3 ထို​အ​မှု​ကို ဂျူး​လူ​မျိုး​တို့ နှစ်​သက်​ကြ​ကြောင်း​တွေ့​မြင်​လျှင် တစ်​ဖန် ထပ်​၍ ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​ရန် စီ​စဉ်​လေ​၏။ ထို​အ​ချိန်​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ချိန်​ဖြစ်​၏။

4 ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ဖမ်း​ဆီး​၍​ထောင်​ထဲ​၌​ထည့်​ထား​ပြီး​လျှင် သူ့​ကို​စောင့်​ကြပ်​ရန် စစ်​သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်​ဖွဲ့​လေး​ဖွဲ့​ထံ​သို့ အပ်​နှံ​ထား​၏။ သူ​သည် ပ​သ​ခါ​ပွဲ​တော်​လွန်​လျှင် ပေ​တ​ရု​ကို လူ​ထု​ရှေ့​တွင်​ထုတ်​ဆောင်​ရန် ကြံ​ရွယ်​ထား​လေ​၏။

5 ဤ​သို့​ဖြင့် ပေ​တ​ရု​သည် ထောင်​ထဲ​၌ ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​၏။ သို့​ရာ​တွင် အ​သင်း​တော်​သည် သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​သို့ စိတ်​အား​ထက်​သန်​စွာ​ဆု​တောင်း​လျက်​နေ​၏။