18 မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟု စစ်သားများအကြားတွင် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်လေ၏။
19 ဟေရုဒ်မင်းသည် ပေတရုကို ကြိုးစားရှာဖွေသော်လည်း မတွေ့သဖြင့် အစောင့်တို့ကိုစစ်ဆေး၍ သေဒဏ်ပေးရန် အမိန့်ချလေ၏။ ထို့နောက် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ ထိုမြို့၌နေလေ၏။
20 ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
21 ဟေရုဒ်မင်းသည် ချိန်းဆိုထားသောနေ့၌ မင်းဝတ်တန်ဆာများကိုဝတ်ဆင်လျက် ပလ္လင်တော်ပေါ်တွင်ထိုင်ကာ ထိုသူတို့အား မိန့်ခွန်းမြွက်ကြားလေ၏။
22 လူစုလူဝေးကလည်း “ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏”ဟု ကြွေးကြော်ကြ၏။
23 မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
24 ထိုအခါ ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့လျက် တိုးပွားလေ၏။