47 အကြောင်းမူကား သခင်ဘုရားက ‘သင်တို့သည် ကယ်တင်ခြင်းကျေးဇူးကို မြေကြီးစွန်းတိုင်အောင် ရောက်ရှိစေရန် ငါသည် သင်တို့ကို လူမျိုးခြားတို့အတွက် အလင်းအဖြစ် ခန့်ထားပြီ’ဟူ၍ ငါတို့အား မိန့်မှာတော်မူ၏”ဟု ဆိုလေ၏။
48 လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်လျက် သခင်ဘုရား၏နှုတ်ကပတ်တရားကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရှိရန် သတ်မှတ်ထားခြင်းခံရသောသူရှိသမျှတို့သည်လည်း ယုံကြည်ကြ၏။
49 ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွားလေ၏။
50 သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
51 ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ထိုသူတို့တစ်ဖက်၌ ခြေဖဝါးမှမြေမှုန့်ကို ခါချပြီးလျှင် ဣကောနိမြို့သို့ သွားကြ၏။
52 တပည့်တော်တို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝလျက်ရှိကြ၏။