တ​မန်​တော်​ဝတ္ထု 15:24-31 MSB

24 ငါ​တို့​ထံ​မှ လူ​အ​ချို့​တို့​သည် ငါ​တို့​၏​ညွှန်​ကြား​ချက်​မ​ရှိ​ဘဲ​ထွက်​သွား​၍ အ​မျိုး​မျိုး​သော​စ​ကား​အား​ဖြင့် သင်​တို့​ကို​ပူ​ပန်​စေ​ပြီး သင်​တို့​ကို စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​၏။

25-26 သို့​ဖြစ်​၍ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အ​တွက် မိ​မိ​တို့​အ​သက်​ကို​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​သည့် ငါ​တို့​ချစ်​သော ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ လူ​တို့​ကို​ရွေး​ကောက်​ပြီး သင်​တို့​ထံ​သို့ စေ​လွှတ်​ရန် ငါ​တို့​အား​လုံး သ​ဘော​တူ​ဆုံး​ဖြတ်​ကြ​သည်​နှင့်​အ​ညီ

27 ယု​ဒ​နှင့်​သိ​လ​တို့​ကို ငါ​တို့​စေ​လွှတ်​လိုက်​ပါ​၏။ သူ​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​ကို နှုတ်​ဖြင့်​လည်း ပြော​ပြ​ကြ​ပါ​လိမ့်​မည်။

28 အ​ကြောင်း​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ငါ​တို့​သည် လိုက်​နာ​ရန်​လို​အပ်​သည့်​အောက်​ပါ​အ​ချက်​များ​မှ​တစ်​ပါး အ​ခြား​မည်​သည့်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ သင်​တို့​အ​ပေါ်​မ​တင်​ရန် ဆုံး​ဖြတ်​ထား​ကြ​၏။

29 ၎င်း​မှာ သင်​တို့​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ၊ သွေး၊ လည်​ညှစ်​သတ်​သော​တိ​ရစ္ဆာန်​နှင့် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရန်​ဖြစ်​၏။ သင်​တို့​သည် ဤ​အ​ရာ​တို့​နှင့်​ကင်း​ရှင်း​လျက်​နေ​လျှင် ကောင်း​ပေ​၏။ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ”​ဟူ​၍ ရေး​ထား​၏။

30 ဤ​သို့​ဖြင့် သူ​တို့​ကို လွှတ်​လိုက်​သော​အ​ခါ သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့ ဆင်း​သွား​ကြ​၍ တ​ပည့်​တော်​အ​စု​အ​ဝေး​ကို စု​ဝေး​စေ​ပြီး​လျှင် စာ​ကို ပေး​အပ်​ကြ​၏။

31 သူ​တို့​သည် ထို​စာ​ကို​ဖတ်​ကြ​သော​အ​ခါ ၎င်း​၌​ပါ​သော တိုက်​တွန်း​အား​ပေး​မှု​ကြောင့် ဝမ်း​မြောက်​ကြ​၏။