တ​မန်​တော်​ဝတ္ထု 15:32-38 MSB

32 ယု​ဒ​နှင့်​သိ​လ​တို့​ကိုယ်​တိုင်​သည်​လည်း ပ​ရော​ဖက်​များ​ဖြစ်​ကြ​သော​ကြောင့် များ​စွာ​သော​စ​ကား​တို့​ဖြင့် ညီ​အစ်​ကို​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​လျက် ခိုင်​ခံ့​မြဲ​မြံ​စေ​ကြ​၏။

33 ထို့​နောက် အ​ချိန်​အ​တန်​ကြာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​သည် သူ​တို့​ကို ငြိမ်း​ချမ်း​စွာ​ပြန်​လွှတ်​သ​ဖြင့် သူ​တို့​သည် မိ​မိ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​ထံ​သို့ ပြန်​သွား​ကြ​၏။

34 [သို့​သော် သိ​လ​သည် ထို​နေ​ရာ​၌​နေ​ရစ်​ရန် ဆုံး​ဖြတ်​လေ​၏။]

35 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​လည်း အန္တိ​အုတ်​မြို့​၌​နေ​လျက် အ​ခြား​သော​သူ​များ​စွာ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​၍​သွန်​သင်​ကြ​၏။

36 ရက်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ ပေါ​လု​သည် ဗာ​န​ဗ​အား “သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ငါ​တို့​ဟော​ပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီ​အစ်​ကို​တို့​ထံ​သို့ ပြန်​သွား​၍ သူ​တို့​မည်​သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်​ရှု​ကြ​ကုန်​စို့”​ဟု ဆို​၏။

37 ဗာ​န​ဗ​သည် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​ကို​လည်း မိ​မိ​နှင့်​အ​တူ​ခေါ်​ဆောင်​သွား​လို​၏။

38 သို့​သော် ပေါ​လု​က ပံ​ဖု​လိ​ပြည်​တွင် သူ​တို့​ထံ​မှ ထွက်​ခွာ​သွား​ပြီး အ​မှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်​အ​တူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်​သွား​သင့်​ဟု မှတ်​ယူ​၏။