တ​မန်​တော်​ဝတ္ထု 15:5-11 MSB

5 သို့​သော် ဖာ​ရိ​ရှဲ​ဂိုဏ်း​ထဲ​မှ ယုံ​ကြည်​သူ​အ​ချို့​တို့​သည်​ထ​၍ “လူ​မျိုး​ခြား​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ကြ​ရန်​နှင့် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ကြ​ရန် ညွှန်​ကြား​ရ​မည်”​ဟု ဆို​ကြ​၏။

6 ထို​အ​ခါ တ​မန်​တော်​များ​နှင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​သည် ဤ​အ​ကြောင်း​အ​ရာ​ကို ကြည့်​ရှု​သုံး​သပ်​ရန် စု​ဝေး​ကြ​၏။

7 များ​စွာ​ငြင်း​ခုံ​ဆွေး​နွေး​ကြ​ပြီး​နောက် ပေ​တ​ရု​သည် ထ​၍ “ညီ​အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည် ငါ​၏​နှုတ်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့်​တ​ရား​စ​ကား​ကို​ကြား​နာ​၍ ယုံ​ကြည်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် လွန်​ခဲ့​သည့်​အ​ချိန်​က သင်​တို့​အ​ထဲ​မှ ငါ့​ကို ရွေး​ကောက်​တော်​မူ​ကြောင်း သင်​တို့​သိ​ကြ​၏။

8 စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သည့်​နည်း​တူ ထို​သူ​တို့​အား​လည်း ပေး​၍ သူ​တို့​ကို အ​သိ​အ​မှတ်​ပြု​တော်​မူ​၏။

9 ဘု​ရား​သ​ခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံး​ဝ​ခွဲ​ခြား​တော်​မ​မူ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ​တို့​၏​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​တော်​မူ​၏။

10 သို့​ဖြစ်​လျှင် သင်​တို့​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့် ငါ​တို့​ကိုယ်​တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်း​ပိုး​ကို ထို​တ​ပည့်​တော်​တို့​၏​လည်​ပင်း​ပေါ်​၌ တင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် စမ်း​သပ်​ကြ​သ​နည်း။

11 ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်း​တူ သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​သည်​ဟု ယုံ​ကြည်​ကြ​၏”​ဟု ပြော​ဆို​၏။