တ​မန်​တော်​ဝတ္ထု 15:9-15 MSB

9 ဘု​ရား​သ​ခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံး​ဝ​ခွဲ​ခြား​တော်​မ​မူ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ​တို့​၏​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​တော်​မူ​၏။

10 သို့​ဖြစ်​လျှင် သင်​တို့​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့် ငါ​တို့​ကိုယ်​တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်း​ပိုး​ကို ထို​တ​ပည့်​တော်​တို့​၏​လည်​ပင်း​ပေါ်​၌ တင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် စမ်း​သပ်​ကြ​သ​နည်း။

11 ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်း​တူ သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​သည်​ဟု ယုံ​ကြည်​ကြ​၏”​ဟု ပြော​ဆို​၏။

12 ထို​အ​ခါ စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​သွား​၍ ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​က မိ​မိ​တို့​အား​ဖြင့် လူ​မျိုး​ခြား​တို့​အ​လယ်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​အ​ကြောင်း ပြော​ပြ​ကြ​သည်​ကို နား​ထောင်​လျက်​နေ​ကြ​၏။

13 သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ ယာ​ကုပ်​က “ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​ပါ။

14 ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​တော်​အ​တွက် လူ​မျိုး​ခြား​တို့​ထဲ​မှ လူ​မျိုး​တော်​ကို​ရ​ယူ​ရန် သူ​တို့​ထံ ဦး​စွာ​အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ရှိ​မုန်​က ပြော​ပြ​ခဲ့​ပြီ။

15 ပ​ရော​ဖက်​တို့​၏​စ​ကား​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​နှင့် ကိုက်​ညီ​၏။ ကျမ်း​စာ​၌