တ​မန်​တော်​ဝတ္ထု 16:1-5 MSB

1 ထို့​နောက် ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​မှ​တစ်​ဆင့် လုတ္တ​ရ​မြို့​သို့ ရောက်​လာ​၏။ ထို​အ​ရပ်​၌ တိ​မော​သေ​အ​မည်​ရှိ တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံ​ကြည်​သူ​ဂျူး​အ​မျိုး​သ​မီး​၏​သား​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​မူ ဂ​ရိ​အ​မျိုး​သား​ဖြစ်​၏။

2 သူ​သည် လုတ္တ​ရ​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ်​ကို​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော​သူ​ဖြစ်​၏။

3 ပေါ​လု​သည် သူ့​ကို မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို​၍ ထို​အ​ရပ်​၌​ရှိ​သော ဂျူး​လူ​မျိုး​တို့​ကြောင့် သူ့​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​၏။ အ​ကြောင်း​မူ​ကား သူ​၏​ဖ​ခင်​သည် ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း သူ​တို့​အား​လုံး​သိ​နေ​ကြ​၏။

4 ထို့​နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော​တ​မန်​တော်​များ​နှင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ဆုံး​ဖြတ်​ထား​သော စည်း​မျဉ်း​တို့​ကို လူ​တို့​အား​စောင့်​ထိန်း​စေ​ရန်​ပေး​အပ်​ကြ​၏။

5 ဤ​သို့​ဖြင့် အ​သင်း​တော်​များ​သည် ယုံ​ကြည်​ခြင်း​ပို​မို​ခိုင်​မာ​လာ​၍ တစ်​နေ့​တ​ခြား လူ​ဦး​ရေ​တိုး​ပွား​လာ​၏။