တ​မန်​တော်​ဝတ္ထု 16:16-22 MSB

16 တစ်​နေ့​တွင် ငါ​တို့​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အ​စေ​ခံ​မိန်း​မ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေ​ဒင်​ဟော​ခြင်း​ဖြင့် မိ​မိ​သ​ခင်​တို့​အ​တွက် များ​စွာ​သော​အ​ကျိုး​စီး​ပွား​ကို​ဖြစ်​စေ​၏။

17 ထို​မိန်း​မ​သည် ပေါ​လု​နှင့်​ငါ​တို့​နောက်​သို့ လိုက်​လာ​၍ “ဤ​သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်​တင်​ခြင်း​တ​ရား​လမ်း​ကို​ဟော​ပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်​ဟစ်​လေ​၏။

18 သူ​သည် ရက်​ပေါင်း​များ​စွာ ထို​သို့​ပြု​နေ​၍ ပေါ​လု​သည် စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​သ​ဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အ​ထဲ​မှ ထွက်​သွား​ရန် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ သင့်​ကို ငါ​အ​မိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အ​ချိန်​၌​ပင် ထွက်​သွား​လေ​၏။

19 သို့​သော် ထို​မိန်း​မ​၏​သ​ခင်​တို့​သည် မိ​မိ​တို့​အ​ကျိုး​စီး​ပွား​အ​တွက် မျှော်​လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိ​မြင်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အ​ကြီး​အ​ကဲ​များ​ရှိ​ရာ ဈေး​အ​ရပ်​သို့ ဆွဲ​ခေါ်​သွား​ကြ​၏။

20 အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​ထံ ရောက်​ကြ​သော​အ​ခါ “ဤ​သူ​တို့​သည် ဂျူး​လူ​မျိုး​ဖြစ်​ကြ​ပြီး အ​ကျွန်ုပ်​တို့​၏​မြို့​ကို အ​လွန်​မ​ငြိမ်​မ​သက်​ဖြစ်​စေ​၍

21 ရော​မ​နိုင်​ငံ​သား​များ​ဖြစ်​ကြ​သော​အ​ကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်​သုံး​အပ်​သော ဓ​လေ့​ထုံး​စံ​များ​ကို ဟော​ပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။

22 လူ​ထု​ပ​ရိ​သတ်​က​လည်း သူ​တို့​နှင့်​အ​တူ​ထ​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ကို ဆန့်​ကျင်​ကြ​၏။ ထို​အ​ခါ အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဝတ်​ကို​ဆွဲ​ဖြဲ​၍ သူ​တို့​ကို​ရိုက်​နှက်​ရန် အ​မိန့်​ပေး​ကြ​၏။