18 သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
19 သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
20 အုပ်ချုပ်ရေးအရာရှိများထံ ရောက်ကြသောအခါ “ဤသူတို့သည် ဂျူးလူမျိုးဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို အလွန်မငြိမ်မသက်ဖြစ်စေ၍
21 ရောမနိုင်ငံသားများဖြစ်ကြသောအကျွန်ုပ်တို့ လက်မခံအပ်၊ မကျင့်သုံးအပ်သော ဓလေ့ထုံးစံများကို ဟောပြောနေကြပါသည်”ဟု ဆိုကြ၏။
22 လူထုပရိသတ်ကလည်း သူတို့နှင့်အတူထလျက် ပေါလုနှင့်သိလတို့ကို ဆန့်ကျင်ကြ၏။ ထိုအခါ အုပ်ချုပ်ရေးအရာရှိတို့သည် ပေါလုနှင့်သိလတို့၏အဝတ်ကိုဆွဲဖြဲ၍ သူတို့ကိုရိုက်နှက်ရန် အမိန့်ပေးကြ၏။
23 သူတို့ကို အချက်ပေါင်းများစွာရိုက်နှက်စေပြီးလျှင် ထောင်ထဲ၌ထည့်ထားကာ သူတို့ကို သေချာစွာစောင့်ကြပ်ထားရန် ထောင်မှူးအား အမိန့်ပေးကြ၏။
24 ထိုအမိန့်ကိုရသောထောင်မှူးသည် သူတို့ကို ထောင်အတွင်းခန်းတွင်ထည့်ထား၍ သူတို့ခြေကို ထိတ်တုံးခတ်ထားလေ၏။