တ​မန်​တော်​ဝတ္ထု 16:25-31 MSB

25 သန်း​ခေါင်​အ​ချိန်​ခန့်​တွင် ပေါ​လု​နှင့်​သိ​လ​တို့​သည် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လျက် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​နေ​ကြ​၏။ အ​ကျဉ်း​သား​များ​သည်​လည်း သူ​တို့​ကို​နား​ထောင်​နေ​ကြ​၏။

26 ထို​အ​ခါ ရုတ်​တ​ရက် င​လျင်​ပြင်း​ထန်​စွာ​လှုပ်​သ​ဖြင့် ထောင်​၏​အုတ်​မြစ်​သည် တုန်​ခါ​၍ တံ​ခါး​ရှိ​သ​မျှ​သည် ချက်​ချင်း​ပွင့်​သွား​ကာ အ​ကျဉ်း​သား​အား​လုံး​၏​သံ​ကြိုး​များ​သည် ပြုတ်​သွား​လေ​၏။

27 ထောင်​မှူး​သည် နိုး​လာ​၍ ထောင်​တံ​ခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း​သား​များ​လွတ်​သွား​ပြီ​ဟု​ထင်​မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိ​မိ​ကိုယ်​ကို​သတ်​မည်​ပြု​၏။

28 သို့​သော် ပေါ​လု​က “သင့်​ကိုယ်​သင် အန္တ​ရာယ်​မ​ပြု​နှင့်။ ငါ​တို့​အား​လုံး ဤ​နေ​ရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လေ​၏။

29 ထို​အ​ခါ ထောင်​မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေး​ဝင်​လာ​ပြီး​လျှင် တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ရှေ့​တွင် ပျပ်​ဝပ်​လေ​၏။

30 ထို့​နောက် သူ​တို့​ကို အ​ပြင်​သို့​ထုတ်​ဆောင်​ကာ “အ​ရှင်​တို့၊ ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​ကျွန်ုပ်​မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လေ​၏။

31 သူ​တို့​က​လည်း “သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​လော့။ သို့​ပြု​လျှင် သင်​နှင့် သင်​၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​ကြ​၏။