တ​မန်​တော်​ဝတ္ထု 16:28-34 MSB

28 သို့​သော် ပေါ​လု​က “သင့်​ကိုယ်​သင် အန္တ​ရာယ်​မ​ပြု​နှင့်။ ငါ​တို့​အား​လုံး ဤ​နေ​ရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လေ​၏။

29 ထို​အ​ခါ ထောင်​မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေး​ဝင်​လာ​ပြီး​လျှင် တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ရှေ့​တွင် ပျပ်​ဝပ်​လေ​၏။

30 ထို့​နောက် သူ​တို့​ကို အ​ပြင်​သို့​ထုတ်​ဆောင်​ကာ “အ​ရှင်​တို့၊ ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​ကျွန်ုပ်​မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လေ​၏။

31 သူ​တို့​က​လည်း “သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​လော့။ သို့​ပြု​လျှင် သင်​နှင့် သင်​၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​ကြ​၏။

32 ထို့​နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အား​လုံး​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ကြ​၏။

33 ထောင်​မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်​ဆောင်​သွား​၍ ဒဏ်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို့​နောက် သူ​နှင့် သူ​၏​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​သည် ချက်​ချင်း​ဗတ္တိ​ဇံ​ခံ​ကြ​၏။

34 သူ​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို အိမ်​သို့​ခေါ်​ဖိတ်​၍ စား​ဖွယ်​ရာ​များ​တည်​ခင်း​ကျွေး​မွေး​ကာ အိမ်​သူ​အိမ်​သား​အား​လုံး​နှင့်​အ​တူ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ရ​သော​ကြောင့် ရွှင်​မြူး​လေ​၏။