33 ထောင်မှူးသည် ထိုညတွင်းချင်းပင် သူတို့ကိုခေါ်ဆောင်သွား၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထို့နောက် သူနှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ချက်ချင်းဗတ္တိဇံခံကြ၏။
34 သူသည် ပေါလုနှင့်သိလတို့ကို အိမ်သို့ခေါ်ဖိတ်၍ စားဖွယ်ရာများတည်ခင်းကျွေးမွေးကာ အိမ်သူအိမ်သားအားလုံးနှင့်အတူ ဘုရားသခင်ကိုယုံကြည်ရသောကြောင့် ရွှင်မြူးလေ၏။
35 မိုးလင်းသောအခါ အုပ်ချုပ်ရေးအရာရှိများသည် နယ်ထိန်းတို့ကိုစေလွှတ်၍ “ထိုသူတို့ကိုလွှတ်ပေးလိုက်ပါ”ဟု ဆိုကြ၏။
36 ထိုအခါ ထောင်မှူးသည် ထိုသတင်းကို ပေါလုအား ပြောကြားလျက် “အုပ်ချုပ်ရေးအရာရှိများက လူလွှတ်၍ သင်တို့ကိုလွှတ်ပေးရန် မှာလိုက်ပါသည်။ ထို့ကြောင့် ယခုထွက်လာ၍ ငြိမ်းချမ်းစွာသွားကြပါ”ဟု ဆို၏။
37 သို့သော် ပေါလုသည် ထိုနယ်ထိန်းတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်ကြသောငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့၌ ရိုက်နှက်လျက် ထောင်ထဲ၌ထည့်ထားကြပြီးမှ ယခု ငါတို့ကို တိတ်တဆိတ်ပြန်လွှတ်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ”ဟု ဆိုလေ၏။
38 ထိုအခါ နယ်ထိန်းတို့သည် ထိုစကားတို့ကို အုပ်ချုပ်ရေးအရာရှိများထံ ပြောကြားကြ၏။ သူတို့နှစ်ဦးသည် ရောမနိုင်ငံသားဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိများ ကြားသိသောအခါ ကြောက်ရွံ့ကြ၍
39 ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။