တ​မန်​တော်​ဝတ္ထု 16:36-40 MSB

36 ထို​အ​ခါ ထောင်​မှူး​သည် ထို​သ​တင်း​ကို ပေါ​လု​အား ပြော​ကြား​လျက် “အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​က လူ​လွှတ်​၍ သင်​တို့​ကို​လွှတ်​ပေး​ရန် မှာ​လိုက်​ပါ​သည်။ ထို့​ကြောင့် ယ​ခု​ထွက်​လာ​၍ ငြိမ်း​ချမ်း​စွာ​သွား​ကြ​ပါ”​ဟု ဆို​၏။

37 သို့​သော် ပေါ​လု​သည် ထို​နယ်​ထိန်း​တို့​အား “သူ​တို့​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြ​သော​ငါ​တို့​ကို မ​စစ်​ဆေး​ဘဲ လူ​အ​များ​ရှေ့​၌ ရိုက်​နှက်​လျက် ထောင်​ထဲ​၌​ထည့်​ထား​ကြ​ပြီး​မှ ယ​ခု ငါ​တို့​ကို တိတ်​တ​ဆိတ်​ပြန်​လွှတ်​ကြ​မည်​လော။ ထို​သို့​မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍ ငါ​တို့​ကို ခေါ်​ထုတ်​ကြ​ပါ​စေ”​ဟု ဆို​လေ​၏။

38 ထို​အ​ခါ နယ်​ထိန်း​တို့​သည် ထို​စ​ကား​တို့​ကို အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​ထံ ပြော​ကြား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြောင်း အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ ကြား​သိ​သော​အ​ခါ ကြောက်​ရွံ့​ကြ​၍

39 ကိုယ်​တိုင်​လာ​ပြီး​တောင်း​ပန်​ကြ​ကာ သူ​တို့​ကို​ခေါ်​ထုတ်​လျက် ထို​မြို့​မှ​ထွက်​ခွာ​ကြ​ရန် မေတ္တာ​ရပ်​ခံ​ကြ​၏။

40 သူ​တို့​သည်​လည်း ထောင်​ထဲ​မှ ထွက်​လာ​ကြ​သော​အ​ခါ လု​ဒိ​ထံ​သို့ သွား​၍ ညီ​အစ်​ကို​များ​နှင့်​တွေ့​ဆုံ​ကာ သူ​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပြီး​မှ ထွက်​ခွာ​သွား​ကြ​၏။