တ​မန်​တော်​ဝတ္ထု 17:1-7 MSB

1 ထို့​နောက် ပေါ​လု​နှင့်​သိ​လ​တို့​သည် အံ​ဖိ​ပေါ​လိ​မြို့​နှင့်​အာ​ပေါ​လော​နိ​မြို့​တို့​ကို ဖြတ်​၍ သက်​သာ​လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူ​မျိုး​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ရှိ​၏။

2 ပေါ​လု​သည် မိ​မိ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​ထံ​သို့​ဝင်​၍ ဥ​ပုသ်​နေ့​သုံး​ကြိမ်​တိုင်​တိုင် ကျမ်း​စာ​ကို​အ​မှီ​ပြု​လျက် သူ​တို့​နှင့်​ဆွေး​နွေး​ပြော​ဆို​ကာ

3 ခ​ရစ်​တော်​သည် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​၍ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်း​လင်း​ဖော်​ပြ​ပြီး သင်​တို့​အား ငါ​ဟော​ပြော​သော​ဤ​ယေ​ရှု​ပင် ခ​ရစ်​တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။

4 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ယုံ​ကြည်​၍ ပေါ​လု​နှင့်​သိ​လ​တို့​နောက်​သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂ​ရိ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပါ​၍ ထင်​ပေါ်​ကျော်​ကြား​သော အ​မျိုး​သ​မီး​တို့​သည်​လည်း​မ​နည်း​လှ​ပေ။

5 သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​သည် မ​နာ​လို​ကြ​သော​ကြောင့် လူ​ဆိုး​အ​ချို့​ကို ဈေး​အ​ရပ်​မှ ခေါ်​ယူ​စု​ဝေး​စေ​ပြီး​လျှင် မြို့​ကို​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စေ​ကာ ယာ​သုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို လူ​စု​လူ​ဝေး​ရှေ့​သို့ ထုတ်​ဆောင်​ရန် ရှာ​ဖွေ​ကြ​၏။

6 သို့​သော် သူ​တို့​ကို​မ​တွေ့​ကြ​သ​ဖြင့် ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို အာ​ဏာ​ပိုင်​များ​ထံ​သို့ ဆွဲ​ခေါ်​သွား​ကာ “ကမ္ဘာ​လော​က​ကို​မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် ဤ​အ​ရပ်​သို့​လည်း ရောက်​လာ​ကြ​၍

7 ယာ​သုန်​သည် သူ​တို့​ကို လက်​ခံ​ထား​ပါ​သည်။ သူ​တို့​အား​လုံး​သည် ယေ​ရှု​ဟူ​သော​အ​ခြား​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီ​ဇာ​ဧ​က​ရာဇ်​၏​အ​မိန့်​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်​ဟစ်​ပြော​ဆို​ကြ​၏။