တ​မန်​တော်​ဝတ္ထု 17:12-18 MSB

12 ထို့​ကြောင့် များ​စွာ​သော​သူ​တို့​သည် ယုံ​ကြည်​ကြ​၏။ ထို​သူ​တို့​တွင် ဂုဏ်​သ​ရေ​ရှိ​သော​ဂ​ရိ​အ​မျိုး​သ​မီး​များ​နှင့်​အ​မျိုး​သား​များ​လည်း မ​နည်း​လှ​ပေ။

13 သို့​သော် ပေါ​လု​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ဗေ​ရိ​မြို့​တွင်​လည်း ဟော​ပြော​နေ​ကြောင်း သက်​သာ​လော​နိတ်​မြို့​မှ ဂျူး​လူ​မျိုး​တို့ ကြား​သိ​ကြ​သော​အ​ခါ ထို​အ​ရပ်​သို့​လိုက်​လာ​၍ လူ​ထု​ပ​ရိ​သတ်​များ​ကို​လှုံ့​ဆော်​ကာ မ​ငြိမ်​မ​သက်​ဖြစ်​စေ​ကြ​၏။

14 ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ချက်​ချင်း​ပို့​ဆောင်​လျက် ပင်​လယ်​ကမ်း​ခြေ​အ​ထိ​သွား​စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ထို​မြို့​၌​နေ​ရစ်​ကြ​၏။

15 ပေါ​လု​ကို​လိုက်​ပို့​သော​သူ​တို့​သည် သူ့​ကို အေ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အား မိ​မိ​ထံ​သို့ တတ်​နိုင်​သ​မျှ အ​မြန်​ဆုံး​လာ​ကြ​ပါ​ဟူ​သော ပေါ​လု​၏​ညွှန်​ကြား​ချက်​ကို​ယူ​၍ ပြန်​သွား​ကြ​၏။

16 ပေါ​လု​သည် အေ​သင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်​တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိ​မိ​စိတ်​တွင် မ​ခံ​မ​ရပ်​နိုင်​ဖြစ်​ရ​လေ​၏။

17 ထို့​ကြောင့် သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက် ဈေး​အ​ရပ်​တွင်​လည်း ထို​အ​ရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​၏။

18 ဧ​ပိ​ကု​ရု​၏​တ​ပည့်​များ​နှင့် သ​တော​အိပ်​အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​ဆွေး​နွေး​ကြ​၏။ အ​ချို့​က “ဤ​စ​ကား​အိုး​သည် မည်​သည့်​အ​ရာ​ကို ပြော​ဆို​လို​သ​နည်း”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​မူ “သူ​သည် တစ်​ပြည်​တစ်​ရပ်​ခြား​၏​နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ဟော​ပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤ​သို့​ဆို​ခြင်း​မှာ ပေါ​လု​သည် ယေ​ရှု​နှင့် ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​တို့​ကို ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။