13 သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
14 ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ချက်ချင်းပို့ဆောင်လျက် ပင်လယ်ကမ်းခြေအထိသွားစေကြ၏။ သိလနှင့်တိမောသေတို့မူကား ထိုမြို့၌နေရစ်ကြ၏။
15 ပေါလုကိုလိုက်ပို့သောသူတို့သည် သူ့ကို အေသင်မြို့တိုင်အောင် ပို့ဆောင်ပြီးနောက် သိလနှင့်တိမောသေတို့အား မိမိထံသို့ တတ်နိုင်သမျှ အမြန်ဆုံးလာကြပါဟူသော ပေါလု၏ညွှန်ကြားချက်ကိုယူ၍ ပြန်သွားကြ၏။
16 ပေါလုသည် အေသင်မြို့၌ သူတို့ကိုစောင့်နေစဉ် ထိုမြို့သည် ရုပ်တုများနှင့်ပြည့်နေသည်ကိုမြင်၍ မိမိစိတ်တွင် မခံမရပ်နိုင်ဖြစ်ရလေ၏။
17 ထို့ကြောင့် သူသည် ဝတ်ပြုစည်းဝေးကျောင်းတွင် ဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့နှင့် ဆွေးနွေးပြောဆိုလျက် ဈေးအရပ်တွင်လည်း ထိုအရပ်၌ရှိသောသူတို့နှင့် နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆို၏။
18 ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
19 ထိုအခါ သူတို့သည် ပေါလုကို အာရေပါဂုရုံးတော်သို့ ခေါ်သွားပြီးလျှင် “သင်ဟောပြောနေသော ဤအယူဝါဒအသစ်သည် မည်သည့်အရာဖြစ်သည်ကို ငါတို့သိပါရစေ။