တ​မန်​တော်​ဝတ္ထု 17:17-23 MSB

17 ထို့​ကြောင့် သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက် ဈေး​အ​ရပ်​တွင်​လည်း ထို​အ​ရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​၏။

18 ဧ​ပိ​ကု​ရု​၏​တ​ပည့်​များ​နှင့် သ​တော​အိပ်​အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​ဆွေး​နွေး​ကြ​၏။ အ​ချို့​က “ဤ​စ​ကား​အိုး​သည် မည်​သည့်​အ​ရာ​ကို ပြော​ဆို​လို​သ​နည်း”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​မူ “သူ​သည် တစ်​ပြည်​တစ်​ရပ်​ခြား​၏​နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ဟော​ပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤ​သို့​ဆို​ခြင်း​မှာ ပေါ​လု​သည် ယေ​ရှု​နှင့် ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​တို့​ကို ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။

19 ထို​အ​ခါ သူ​တို့​သည် ပေါ​လု​ကို အာ​ရေ​ပါ​ဂု​ရုံး​တော်​သို့ ခေါ်​သွား​ပြီး​လျှင် “သင်​ဟော​ပြော​နေ​သော ဤ​အ​ယူ​ဝါ​ဒ​အ​သစ်​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါ​ရ​စေ။

20 အ​ကြောင်း​မူ​ကား သင်​သည် ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​အ​ချို့​တို့​ကို ယူ​ဆောင်​လာ​သည်​ဖြစ်​၍ ၎င်း​တို့​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။

21 အေ​သင်​မြို့​သား​များ​မှ​စ​၍ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော သူ​စိမ်း​ဧည့်​သည်​အ​ပေါင်း​တို့​သည် အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို ပြော​ဆို​ရန် သို့​မ​ဟုတ် ကြား​နာ​ရန်​အ​တွက်​သာ အ​ချိန်​ကို​အ​သုံး​ချ​တတ်​ကြ​၏။

22 ထို့​ကြောင့် ပေါ​လု​သည် အာ​ရေ​ပါ​ဂု​ရုံး​တော်​အ​လယ်​၌​ရပ်​လျက် “အေ​သင်​မြို့​သား​တို့၊ သင်​တို့​သည် အ​ရာ​ရာ​၌ ဘာ​သာ​တ​ရား​အ​လွန်​ကိုင်း​ရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။

23 သင်​တို့​ကိုး​ကွယ်​သော​အ​ရာ​များ​ကို လှည့်​လည်​၍​ကြည့်​ရှု​စဉ် ‘မ​သိ​သော​ဘု​ရား​အ​တွက်’​ဟု ကမ္ပည်း​ထိုး​ထား​သည့် ယဇ်​ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့​ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော ထို​ဘု​ရား​အ​ကြောင်း​ကို သင်​တို့​အား ငါ​ဟော​ပြော​ပါ​မည်။