တ​မန်​တော်​ဝတ္ထု 17:25-31 MSB

25 ကိုယ်​တော်​သည် အ​သက်​နှင့်​တ​ကွ ထွက်​သက်​ဝင်​သက်​နှင့် အ​ရာ​ခပ်​သိမ်း​တို့​ကို လူ​အ​ပေါင်း​တို့​အား ပေး​တော်​မူ​သည်​ဖြစ်​၍ တစ်​စုံ​တစ်​ခု​ကို​လို​အပ်​သည့်​အ​လား လူ့​လက်​ဖြင့်​ပြု​စု​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။

26 ကိုယ်​တော်​သည် လူ​တစ်​ဦး​တည်း​မှ လူ​မျိုး​အား​လုံး​ကို ဖန်​ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အ​နှံ့​တွင်​နေ​ထိုင်​စေ​ကာ အ​ချိန်​ကာ​လ​များ​နှင့် သူ​တို့​နေ​ထိုင်​ရာ​နယ်​နိ​မိတ်​များ​ကို ကြို​တင်​ချ​မှတ်​ပေး​တော်​မူ​၏။

27 ဤ​သို့​ပြု​ခြင်း​မှာ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို လိုက်​စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာ​ဖွေ​ကြ​စေ​ရန် အ​တွက်​ဖြစ်​၏။ အ​မှန်​စင်​စစ် ကိုယ်​တော်​သည် ငါ​တို့​တစ်​စုံ​တစ်​ဦး​နှင့်​မျှ ဝေး​ကွာ​တော်​မူ​သည်​မ​ဟုတ်။

28 အ​ကြောင်း​မူ​ကား သင်​တို့​ထဲ​မှ က​ဗျာ​ဆ​ရာ​အ​ချို့​တို့​က “စင်​စစ်​ဆို​သော် ငါ​တို့​သည်​ကား ကိုယ်​တော့်​အ​မျိုး​အ​နွယ် ဖြစ်​ကြ​ကုန်​၏”​ဟု စပ်​ဆို​ထား​သည့်​အ​တိုင်း ငါ​တို့​သည် ကိုယ်​တော်​၌ အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​တည်​လျက် ရှိ​ကြ​၏။

29 ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို လူ​၏​အ​တတ်​ပ​ညာ​နှင့်​စဉ်း​စား​ဆင်​ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်း​ထု​ပြု​လုပ်​ထား​သည့် ရုပ်​တု​နှင့်​တူ​သည်​ဟု​မ​ထင်​မှတ်​သင့်​ပေ။

30 ဘု​ရား​သ​ခင်​သည် လူ​တို့​မ​သိ​နား​မ​လည်​သည့်​အ​ချိန်​ကာ​လ​ကို အ​မှု​မ​ထား​ခဲ့​သော်​လည်း ယ​ခု​အ​ခါ နေ​ရာ​တိုင်း​ရှိ လူ​အ​ပေါင်း​တို့​အား နောင်​တ​ရ​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

31 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​အပ်​ထား​သော​အ​ရှင်​အား​ဖြင့် ကမ္ဘာ​လော​က​အား ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​မည့်​နေ့​ရက်​ကို သတ်​မှတ်​ထား​တော်​မူ​ပြီး ထို​အ​ရှင်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ခြင်း​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား ခိုင်​လုံ​သော​အ​ထောက်​အ​ထား​ကို​ပေး​တော်​မူ​၏”​ဟု ဆို​လေ​၏။