31 အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
32 သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
33 ထိုအခါ ပေါလုသည် သူတို့ထံမှ ထွက်သွားလေ၏။
34 သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။