တ​မန်​တော်​ဝတ္ထု 18:1-7 MSB

1 ထို့​နောက် ပေါ​လု​သည် အေ​သင်​မြို့​မှ ထွက်​ခွာ​၍ ကော​ရိန္သု​မြို့​သို့ ရောက်​လေ​ရာ

2 ပုန္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​ဂျူး​လူ​မျိုး​တစ်​ဦး​နှင့်​တွေ့​လေ​၏။ က​လော​ဒိ​မင်း​သည် ဂျူး​လူ​မျိုး​အား​လုံး ရော​မ​မြို့​မှ ထွက်​သွား​ရ​မည့်​အ​ကြောင်း အ​မိန့်​ထုတ်​ပြန်​သော​ကြောင့် သူ​သည် မိ​မိ​ဇ​နီး​ပြစ်​ကိ​လ​နှင့်​အ​တူ မ​ကြာ​မီ​က အီ​တ​လီ​ပြည်​မှ ရောက်​လာ​ခြင်း​ဖြစ်​၏။ ပေါ​လု​သည် သူ​တို့​ထံ​သို့​သွား​၍

3 အ​လုပ်​ချင်း​တူ​သော​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​လျက် အ​လုပ်​လုပ်​လေ​၏။ အ​ကြောင်း​မူ​ကား အ​လုပ်​အ​ကိုင်​အ​ရ သူ​တို့​သည် ရွက်​ထည်​တဲ​ချုပ်​သူ​များ​ဖြစ်​ကြ​၏။

4 ပေါ​လု​သည် ဥ​ပုသ်​နေ့​တိုင်း​တွင် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​၌ ဆွေး​နွေး​ပြော​ဆို​လျက် ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​တို့​ကို စည်း​ရုံး​လေ​၏။

5 သိ​လ​နှင့်​တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ဆင်း​လာ​ကြ​သော​အ​ခါ ပေါ​လု​သည် နှုတ်​က​ပတ်​တော်​ဟော​ပြော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်​လျက် ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ဂျူး​လူ​မျိုး​တို့​အား သက်​သေ​ခံ​လေ​၏။

6 သို့​သော် ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​ဆန့်​ကျင်​၍ စော်​ကား​ပြော​ဆို​ကြ​သော​အ​ခါ သူ​သည် အ​ဝတ်​ကို​ခါ​ချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်​၌​တည်​စေ။ ငါ​မူ​ကား ၎င်း​နှင့်​ကင်း​ရှင်း​၏။ ယ​ခု​မှ​စ​၍ ငါ​သည် လူ​မျိုး​ခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီး​လျှင်

7 ထို​နေ​ရာ​မှ ထွက်​ခွာ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော တိ​တု​ယု​စ​တု​အ​မည်​ရှိ​သော​သူ​၏​အိမ်​သို့ သွား​လေ​၏။ သူ​၏​အိမ်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​နှင့်​ကပ်​လျက်​ရှိ​၏။