တ​မန်​တော်​ဝတ္ထု 18:15-21 MSB

15 သို့​သော် ၎င်း​သည် သင်​တို့​၏​ပ​ညတ်​တ​ရား၊ စ​ကား၊ အ​မည်​နာ​မ​များ​နှင့်​ပတ်​သက်​သည့် ပြဿ​နာ​များ​ဖြစ်​သည်​ဆို​လျှင် သင်​တို့​ကိုယ်​တိုင် ကြည့်​ရှု​ဖြေ​ရှင်း​ရ​မည်။ ငါ​သည် ထို​အ​မှု​မျိုး​ကို​တ​ရား​စီ​ရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက်

16 သူ​တို့​ကို တ​ရား​ခွင်​မှ နှင်​ထုတ်​လေ​၏။

17 ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​သုဿင်​ကို ဖမ်း​ဆီး​၍ တ​ရား​ခွင်​ရှေ့​၌ ရိုက်​နှက်​ကြ​၏။ သို့​ရာ​တွင် ဂါ​လျုန်​သည် ထို​အ​မှု​များ​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။

18 ထို့​နောက် ပေါ​လု​သည် ရက်​ပေါင်း​များ​စွာ​ဆက်​၍​နေ​ပြီး​မှ ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ကာ ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​သွား​လေ​၏။ ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည်​လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​ကြ​၏။ ပေါ​လု​သည် အ​ဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်​၍ ရွက်​မ​လွှင့်​မီ ကင်​ခြေ​မြို့​တွင် မိ​မိ​ဦး​ခေါင်း​ကို​ရိတ်​လေ​၏။

19 သူ​တို့​သည် ဧ​ဖက်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ပေါ​လု​သည် အ​ခြား​သော​သူ​တို့​ကို ထို​နေ​ရာ​၌​ထား​ခဲ့​ပြီး ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လေ​၏။

20 လူ​တို့​သည် သူ့​အား​ပို​၍​ကြာ​မြင့်​စွာ​နေ​ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း သူ​သည် မ​လိုက်​လျော​ဘဲ

21 “ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် သင်​တို့​ထံ​သို့ နောက်​တစ်​ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် ဧ​ဖက်​မြို့​မှ ရွက်​လွှင့်​သွား​လေ​၏။