တ​မန်​တော်​ဝတ္ထု 18:6-12 MSB

6 သို့​သော် ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​ဆန့်​ကျင်​၍ စော်​ကား​ပြော​ဆို​ကြ​သော​အ​ခါ သူ​သည် အ​ဝတ်​ကို​ခါ​ချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်​၌​တည်​စေ။ ငါ​မူ​ကား ၎င်း​နှင့်​ကင်း​ရှင်း​၏။ ယ​ခု​မှ​စ​၍ ငါ​သည် လူ​မျိုး​ခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီး​လျှင်

7 ထို​နေ​ရာ​မှ ထွက်​ခွာ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော တိ​တု​ယု​စ​တု​အ​မည်​ရှိ​သော​သူ​၏​အိမ်​သို့ သွား​လေ​၏။ သူ​၏​အိမ်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​နှင့်​ကပ်​လျက်​ရှိ​၏။

8 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​က​ရိပ္ပု​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​လေ​၏။ အ​ခြား​ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​တို့​သည်​လည်း ကြား​နာ​၍ ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​ခံ​ကြ​၏။

9 တစ်​ည​တွင် သ​ခင်​ဘု​ရား​သည် ရူ​ပါ​ရုံ​အား​ဖြင့် ပေါ​လု​အား “မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ​မ​နေ​ဘဲ ဟော​ပြော​လော့။

10 အ​ကြောင်း​မူ​ကား ငါ​သည် သင်​နှင့်​အ​တူ​ရှိ​၏။ မည်​သူ​မျှ သင့်​ကို မ​တ​ရား​နှိပ်​စက်​၍ ထိ​ခိုက်​စေ​မည်​မ​ဟုတ်။ ဤ​မြို့​တွင် ငါ​နှင့်​ဆိုင်​သော​လူ များ​စွာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

11 သို့​ဖြစ်​၍ ပေါ​လု​သည် ထို​မြို့​၌ တစ်​နှစ်​နှင့်​ခြောက်​လ​နေ​ထိုင်​လျက် သူ​တို့​အ​လယ်​တွင် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို သွန်​သင်​လေ​၏။

12 သို့​သော် ဂါ​လျုန်​သည် အ​ခါ​ယ​ပြည်​၏​အုပ်​ချုပ်​ရေး​မှူး​ဖြစ်​စဉ် ဂျူး​လူ​မျိုး​တို့​သည် ပေါ​လု​ကို တ​ညီ​တ​ညွတ်​တည်း​ဆန့်​ကျင်​၍ သူ့​ကို တ​ရား​ခွင်​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်