တ​မန်​တော်​ဝတ္ထု 19:20-26 MSB

20 ဤ​သို့​ဖြင့် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် တန်​ခိုး​အ​ရှိန်​အ​ဝါ​ဖြင့်​ကြီး​ထွား​လျက် ဩ​ဇာ​လွှမ်း​လေ​၏။

21 ဤ​အ​ဖြစ်​အ​ပျက်​များ​ပြီး​ဆုံး​ပြီး​နောက် ပေါ​လု​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​ကို ဖြတ်​သွား​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​ရန် ဝိ​ညာဉ်​တော်​အား​ဖြင့်​ဆုံး​ဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီး​လျှင် ရော​မ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။

22 ထို့​ကြောင့် သူ​သည် မိ​မိ​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​သူ​များ​ထဲ​မှ တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​နှစ်​ဦး​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​၍ သူ​ကိုယ်​တိုင်​သည် အာ​ရှ​ပြည်​တွင် ခေတ္တ​နေ​ခဲ့​၏။

23 ထို​အ​ချိန်​အ​တွင်း တ​ရား​လမ်း​နှင့်​ပတ်​သက်​၍ အ​ကြီး​အ​ကျယ်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လေ​၏။

24 ဖြစ်​ရ​သည့်​အ​ကြောင်း​ကား ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ငွေ​ပန်း​ထိမ်​ဆ​ရာ​တစ်​ဦး​သည် အာ​တေ​မိ​နတ်​ဘု​ရား​မ​၏​ငွေ​ဗိ​မာန်​ငယ်​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ပန်း​ထိမ်​သ​မား​တို့​အား အ​ကျိုး​စီး​ပွား​များ​စွာ ဖြစ်​ထွန်း​စေ​၏။

25 သူ​သည် ထို​သူ​တို့​အ​ပါ​အ​ဝင် အ​လား​တူ​လုပ်​ငန်း​မျိုး​လုပ်​ကိုင်​နေ​သော​သူ​များ​ကို စု​ဝေး​စေ​လျက် “မိတ်​ဆွေ​တို့၊ ဤ​လုပ်​ငန်း​အား​ဖြင့် ငါ​တို့​အ​ကျိုး​စီး​ပွား​ဖြစ်​ထွန်း​သည်​ကို သင်​တို့​သိ​ကြ​၏။

26 သို့​သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အ​တိုင်း ဤ​ပေါ​လု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အ​ရာ​များ​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​လျက် ဧ​ဖက်​မြို့​သာ​မ​က​အာ​ရှ​ပြည်​တစ်​ပြည်​လုံး​နီး​ပါး​၌ များ​စွာ​သော​လူ​တို့​ကို စည်း​ရုံး​ပြီး လမ်း​လွဲ​စေ​ခဲ့​၏။