တ​မန်​တော်​ဝတ္ထု 19:8-14 MSB

8 ထို့​နောက် ပေါ​လု​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သုံး​လ​ပတ်​လုံး ရဲ​ရင့်​စွာ​ဟော​ပြော​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဆွေး​နွေး​ပြော​ဆို​ကာ လူ​တို့​ကို​စည်း​ရုံး​လေ​၏။

9 သို့​သော် လူ​အ​ချို့​တို့​သည် ခေါင်း​မာ​လျက် မ​ယုံ​ကြည်​ဘဲ လူ​ထု​ပ​ရိ​သတ်​ရှေ့​တွင် တ​ရား​လမ်း​ကို ပုတ်​ခတ်​ပြော​ဆို​ကြ​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံ​မှ ထွက်​ခွာ​ပြီး တု​ရန္နု​၏​စာ​သင်​ခန်း​မ​၌ နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​လေ​၏။

10 နှစ်​နှစ်​ပတ်​လုံး ထို​သို့​ပြု​သော​ကြောင့် ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ၊ အာ​ရှ​ပြည်​၌​နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​ကြ​ရ​၏။

11 ဘု​ရား​သ​ခင်​သည် ပေါ​လု​၏​လက်​ဖြင့် အ​လွန်​ထူး​ခြား​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို ပြု​တော်​မူ​၏။

12 သူ့​ကိုယ်​ပေါ်​မှ ပ​ဝါ သို့​မ​ဟုတ် ခါး​စည်း​အ​ဝတ်​ကို​ယူ​သွား​၍ နာ​မ​ကျန်း​ဖြစ်​သူ​များ​အ​ပေါ်​တင်​လျှင် သူ​တို့​၏​ရော​ဂါ​များ​ပျောက်​ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်​သွား​ကြ​၏။

13 ထို​အ​ခါ လှည့်​လည်​နေ​ကြ​သော ဂျူး​လူ​မျိုး​ပ​ယော​ဂ​ဆ​ရာ​အ​ချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အ​ပေါ် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို တိုင်​တည်​ခေါ်​ဆို​ရန် ကြံ​စည်​အား​ထုတ်​လျက် “ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​အား​ဖြင့် သင်​တို့​ကို အ​လေး​အ​နက်​ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​ကြ​၏။

14 ထို​သို့​ပြု​သော​သူ​များ​မှာ ဂျူး​လူ​မျိုး​ယဇ်​ပု​ရော​ဟိတ်​မင်း သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​တို့​ဖြစ်​ကြ​၏။