9 သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။
10 နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာကြရ၏။
11 ဘုရားသခင်သည် ပေါလု၏လက်ဖြင့် အလွန်ထူးခြားသောတန်ခိုးလက္ခဏာများကို ပြုတော်မူ၏။
12 သူ့ကိုယ်ပေါ်မှ ပဝါ သို့မဟုတ် ခါးစည်းအဝတ်ကိုယူသွား၍ နာမကျန်းဖြစ်သူများအပေါ်တင်လျှင် သူတို့၏ရောဂါများပျောက်ကင်း၍ နတ်ဆိုးများလည်း ထွက်သွားကြ၏။
13 ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ် သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။
14 ထိုသို့ပြုသောသူများမှာ ဂျူးလူမျိုးယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ယောက်တို့ဖြစ်ကြ၏။
15 သို့ရာတွင် နတ်ဆိုးက “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူဖြစ်ကြသနည်း”ဟု သူတို့အား ဆိုပြီးလျှင်