တ​မန်​တော်​ဝတ္ထု 2:1-7 MSB

1 ပင်​တေ​ကုတ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တစ်​နေ​ရာ​တည်း​၌ စု​ဝေး​နေ​ကြ​၏။

2 ထို​အ​ခါ ပြင်း​ထန်​သော​လေ​တိုက်​ခတ်​သံ​နှင့်​တူ​သည့် အ​သံ​သည် ကောင်း​ကင်​မှ ရုတ်​တ​ရက်​ပေါ်​ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်​အိမ်​လုံး​ကို ဖုံး​လွှမ်း​လေ​၏။

3 ထို့​နောက် ဖြာ​ထွက်​သည့်​မီး​လျှံ​ကဲ့​သို့​သော​လျှာ​များ​သည် သူ​တို့​ရှေ့​၌​ပေါ်​ထွက်​လာ​၍ သူ​တို့​တစ်​ဦး​စီ​အ​ပေါ်​တည်​လေ​၏။

4 ထို​အ​ခါ သူ​တို့​အား​လုံး​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်​စွမ်း​ပေး​တော်​မူ​သည့်​အ​တိုင်း အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ဖြင့် စ​တင်​ပြော​ဆို​ကြ​၏။

5 ထို​အ​ချိန်​ကာ​လ​တွင် မိုး​ကောင်း​ကင်​အောက်​ရှိ တိုင်း​နိုင်​ငံ​အ​သီး​သီး​မှ ဘု​ရား​တ​ရား​ကြည်​ညို​သော​ဂျူး​လူ​မျိုး​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​တည်း​ခို​နေ​ကြ​၏။

6 ထို​အ​သံ​ထွက်​ပေါ်​လာ​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် စု​ဝေး​လာ​ကြ​၍ သူ​တို့​အ​သီး​သီး​သည် သူ​တို့​၏​ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ရ​သ​ဖြင့် အံ့​ဩ​တွေ​ဝေ​ကြ​ကုန်​၏။

7 သူ​တို့​သည် အံ့​သြ​ငေး​မော​ကြ​လျက် “ကြည့်​ပါ။ ယ​ခု​ပြော​ဆို​နေ​သော ဤ​သူ​အား​လုံး​တို့​သည် ဂါ​လိ​လဲ​နယ်​သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။