တ​မန်​တော်​ဝတ္ထု 2:30-36 MSB

30 သူ​သည် ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သော​ကြောင့် သူ့​သား​မြေး​ထဲ​မှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​စေ​မည်​ဟု ဘု​ရား​သ​ခင်​သည် သူ့​အား​က​တိ​သစ္စာ​ဖြင့်​တိုင်​တည်​၍ မိန့်​တော်​မူ​ကြောင်း​သိ​ထား​၏။

31 သူ​သည် ၎င်း​ကို​ကြို​တင်​သိ​မြင်​လျက် ခ​ရစ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ဟော​ပြော​ကာ ‘ကိုယ်​တော်​သည် မ​ရ​ဏာ​နိုင်​ငံ​၌ စွန့်​ပစ်​ထား​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။ ခန္ဓာ​တော်​ကို​လည်း ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်’​ဟု ဆို​ခဲ့​၏။

32 ဘု​ရား​သ​ခင်​သည် ထို​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​အား​လုံး​သည် ဤ​အ​ကြောင်း​အ​ရာ​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

33 ထို​သို့​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​ပြီး​နောက် က​တိ​ထား​တော်​မူ​သည့်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ​မှ​ခံ​ယူ​ရ​ရှိ​လျက် သင်​တို့​တွေ့​မြင်​ကြား​သိ​သည့်​အ​တိုင်း ထို​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ​၏။

34 ဒါ​ဝိဒ်​သည် ကောင်း​ကင်​ဘုံ​သို့​တက်​သွား​ခဲ့​သည်​မ​ဟုတ်။ သို့​သော် သူ​က ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​ဘု​ရား​အား

35 သင့်​ရန်​သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အ​ဖြစ် ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​လေ​၏။

36 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေ​ရှု​ကို သ​ခင်​အ​ရာ​၌​လည်း​ကောင်း၊ ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ကြောင်း အစ္စ​ရေး​တစ်​မျိုး​လုံး​သည် သေ​ချာ​စွာ​သိ​မှတ်​ကြ​ပါ​စေ”​ဟု ဟော​ပြော​လေ​၏။