တ​မန်​တော်​ဝတ္ထု 2:34-40 MSB

34 ဒါ​ဝိဒ်​သည် ကောင်း​ကင်​ဘုံ​သို့​တက်​သွား​ခဲ့​သည်​မ​ဟုတ်။ သို့​သော် သူ​က ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​ဘု​ရား​အား

35 သင့်​ရန်​သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အ​ဖြစ် ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​လေ​၏။

36 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေ​ရှု​ကို သ​ခင်​အ​ရာ​၌​လည်း​ကောင်း၊ ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ကြောင်း အစ္စ​ရေး​တစ်​မျိုး​လုံး​သည် သေ​ချာ​စွာ​သိ​မှတ်​ကြ​ပါ​စေ”​ဟု ဟော​ပြော​လေ​၏။

37 လူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ စိတ်​နှ​လုံး​ထဲ​၌ စူး​နစ်​စွာ​ခံ​စား​ရ​လျက် ပေ​တ​ရု​နှင့်​အ​ခြား​သော​တ​မန်​တော်​တို့​အား “ညီ​အစ်​ကို​တို့၊ ငါ​တို့​မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​မြန်း​ကြ​၏။

38 ပေ​တ​ရု​က​လည်း “သင်​တို့​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် နောင်​တ​ရ​၍ သင်​တို့​တစ်​ဦး​စီ​သည် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​လော့။ ထို​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ကောင်း​ချီး​လက်​ဆောင်​ကို ရ​ရှိ​ကြ​လိမ့်​မည်။

39 အ​ကြောင်း​မူ​ကား ဤ​က​တိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​မှ​စ​၍ အ​ဝေး​၌​ရှိ​သော​သူ​အား​လုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော်​မူ​သ​မျှ​သော​သူ​တို့​အ​တွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။

40 ပေ​တ​ရု​သည် အ​ခြား​သော​စ​ကား​အ​မျိုး​မျိုး​တို့​ဖြင့် သက်​သေ​ခံ​လျက် “ဤ​ကောက်​ကျစ်​သော​မျိုး​ဆက်​ထဲ​မှ​လွတ်​မြောက်​ရန် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ကြ​လော့”​ဟု သူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​လေ​၏။