တ​မန်​တော်​ဝတ္ထု 2:4-10 MSB

4 ထို​အ​ခါ သူ​တို့​အား​လုံး​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်​စွမ်း​ပေး​တော်​မူ​သည့်​အ​တိုင်း အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ဖြင့် စ​တင်​ပြော​ဆို​ကြ​၏။

5 ထို​အ​ချိန်​ကာ​လ​တွင် မိုး​ကောင်း​ကင်​အောက်​ရှိ တိုင်း​နိုင်​ငံ​အ​သီး​သီး​မှ ဘု​ရား​တ​ရား​ကြည်​ညို​သော​ဂျူး​လူ​မျိုး​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​တည်း​ခို​နေ​ကြ​၏။

6 ထို​အ​သံ​ထွက်​ပေါ်​လာ​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် စု​ဝေး​လာ​ကြ​၍ သူ​တို့​အ​သီး​သီး​သည် သူ​တို့​၏​ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ရ​သ​ဖြင့် အံ့​ဩ​တွေ​ဝေ​ကြ​ကုန်​၏။

7 သူ​တို့​သည် အံ့​သြ​ငေး​မော​ကြ​လျက် “ကြည့်​ပါ။ ယ​ခု​ပြော​ဆို​နေ​သော ဤ​သူ​အား​လုံး​တို့​သည် ဂါ​လိ​လဲ​နယ်​သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

8 သို့​ဖြစ်​လျှင် ငါ​တို့​အ​သီး​သီး​သည် ငါ​တို့​မွေး​ဖွား​ရာ​အ​ရပ်​မှ ဘာ​သာ​စ​ကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်​သို့​နည်း။

9 ငါ​တို့​တွင် ပါ​သိ​လူ​မျိုး၊ မေ​ဒိ​လူ​မျိုး​နှင့် ဧ​လံ​လူ​မျိုး​များ​မှ​စ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှ​ပြည်၊

10 ဖြူ​ဂိ​ပြည်၊ ပံ​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​နှင့် ကု​ရေ​နေ​မြို့​အ​နီး လစ်​ဗျား​နယ်​မြေ​ဒေ​သ​တို့​၌ နေ​ထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့​ပြင် အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော​ရော​မ​နိုင်​ငံ​သား​များ၊ ဂျူး​လူ​မျိုး​များ​နှင့် ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ​များ၊