5 ထိုအချိန်ကာလတွင် မိုးကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကြည်ညိုသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့၌တည်းခိုနေကြ၏။
6 ထိုအသံထွက်ပေါ်လာသောအခါ များစွာသောလူတို့သည် စုဝေးလာကြ၍ သူတို့အသီးသီးသည် သူတို့၏ဘာသာစကားဖြင့် တမန်တော်တို့ပြောဆိုနေကြသည်ကိုကြားရသဖြင့် အံ့ဩတွေဝေကြကုန်၏။
7 သူတို့သည် အံ့သြငေးမောကြလျက် “ကြည့်ပါ။ ယခုပြောဆိုနေသော ဤသူအားလုံးတို့သည် ဂါလိလဲနယ်သားများဖြစ်ကြသည်မဟုတ်လော။
8 သို့ဖြစ်လျှင် ငါတို့အသီးသီးသည် ငါတို့မွေးဖွားရာအရပ်မှ ဘာသာစကားဖြင့် ကြားနေရသည်မှာ မည်သို့နည်း။
9 ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
10 ဖြူဂိပြည်၊ ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့အနီး လစ်ဗျားနယ်မြေဒေသတို့၌ နေထိုင်သောသူများရှိကြ၏။ ထို့ပြင် အလည်အပတ်ရောက်ရှိလာသောရောမနိုင်ငံသားများ၊ ဂျူးလူမျိုးများနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊
11 ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏။