တ​မန်​တော်​ဝတ္ထု 2:9-15 MSB

9 ငါ​တို့​တွင် ပါ​သိ​လူ​မျိုး၊ မေ​ဒိ​လူ​မျိုး​နှင့် ဧ​လံ​လူ​မျိုး​များ​မှ​စ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှ​ပြည်၊

10 ဖြူ​ဂိ​ပြည်၊ ပံ​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​နှင့် ကု​ရေ​နေ​မြို့​အ​နီး လစ်​ဗျား​နယ်​မြေ​ဒေ​သ​တို့​၌ နေ​ထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့​ပြင် အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော​ရော​မ​နိုင်​ငံ​သား​များ၊ ဂျူး​လူ​မျိုး​များ​နှင့် ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ​များ၊

11 က​ရေ​တေ​ကျွန်း​သား​များ၊ အာ​ရပ်​ပြည်​သား​များ​လည်း​ရှိ​ကြ​၏။ သို့​ဖြစ်​လျက်​နှင့် ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​၏​ဘာ​သာ​စ​ကား​များ​ဖြင့် ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တ​ကား”​ဟု ပြော​ဆို​ကြ​၏။

12 လူ​အား​လုံး​တို့​သည် အံ့​သြ​ငေး​မော​လျက် ဝေ​ခွဲ​မ​ရ​ဖြစ်​ကြ​ကာ “ဤ​အ​မှု​အ​ရာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

13 သို့​သော် လူ​အ​ချို့​တို့​က “သူ​တို့​သည် ဝိုင်​ချို​ဖြင့်​မူး​ယစ်​နေ​ကြ​သည်”​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

14 ထို​အ​ခါ ပေ​တ​ရု​သည် တ​မန်​တော်​တစ်​ဆယ့်​တစ်​ပါး​တို့​နှင့်​အ​တူ​မတ်​တတ်​ရပ်​လျက် မိ​မိ​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ဂျူး​အ​မျိုး​သား​များ​နှင့် ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ထိုင်​ကြ​သော​သူ​အ​ပေါင်း​တို့၊ ဤ​အ​ရာ​ကို​သင်​တို့​အား သိ​မှတ်​စေ​လို​ပါ​၏။ ငါ့​စ​ကား​ကို သေ​ချာ​စွာ​နား​ထောင်​ကြ​လော့။

15 ယ​ခု​အ​ချိန်​ကား နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့ ယစ်​မူး​နေ​ကြ​သည်​မ​ဟုတ်။