တ​မန်​တော်​ဝတ္ထု 20:27-33 MSB

27 အ​ကြောင်း​မူ​ကား ငါ​သည် တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင်​ဖော်​ပြ​ခဲ့​ပြီ။

28 သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိုး​စု​အား​လုံး​ကို​လည်း​ကောင်း ဂ​ရု​စိုက်​ကြ​လော့။ ကိုယ်​တော်​၏​သွေး​တော်​နှင့်​ဝယ်​ယူ​ထား​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို သင်​တို့​အုပ်​ထိန်း​စေ​ရန် ထို​သိုး​စု​ကို​ကြီး​ကြပ်​သူ​အ​ဖြစ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို​ခန့်​အပ်​ထား​တော်​မူ​၏။

29 ငါ​ထွက်​ခွာ​သွား​သည့်​နောက် ကြမ်း​ကြုတ်​သော​ဝံ​ပု​လွေ​များ​သည် သင်​တို့​အ​ထဲ​သို့​ဝင်​လာ​၍ သိုး​စု​ကို ညှာ​တာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

30 သင်​တို့​အ​ထဲ​မှ​လည်း တ​ပည့်​တော်​များ​ကို မိ​မိ​တို့​ဘက်​သို့​ဆွဲ​ခေါ်​ရန် ဖောက်​ပြန်​လမ်း​လွဲ​သော​အ​ရာ​များ​ကို ပြော​ဆို​သော​သူ​အ​ချို့​တို့ ပေါ်​လာ​ကြ​လိမ့်​မည်။

31 ထို့​ကြောင့် ငါ​သည် သင်​တို့​တစ်​ဦး​စီ​ကို သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ် မျက်​ရည်​ဖြင့် သ​တိ​ပေး​ဆုံး​မ​ခဲ့​သည်​ကို အောက်​မေ့​လျက် သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။

32 ယ​ခု သင်​တို့​ကို ဘု​ရား​သ​ခင်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တော်​၌​လည်း​ကောင်း ငါ​အပ်​နှံ​၏။ နှုတ်​က​ပတ်​တော်​သည် သင်​တို့​ကို တည်​ဆောက်​မြှင့်​တင်​လျက် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ အ​မွေ​တော်​ကို​ရ​ရှိ​စေ​နိုင်​စွမ်း​ရှိ​၏။

33 ငါ​သည် မည်​သူ​၏​ရွှေ၊ ငွေ၊ အ​ဝတ်​တန်​ဆာ​ကို​မျှ တပ်​မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။