18 နောက်တစ်နေ့၌ ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့ဝင်လျှင် အသင်းတော်အကြီးအကဲအားလုံးတို့သည်လည်း ရောက်နေကြ၏။
19 ပေါလုသည် သူတို့ကိုနှုတ်ဆက်ပြီးလျှင် မိမိ၏အမှုတော်လုပ်ငန်းအားဖြင့် လူမျိုးခြားတို့၌ ဘုရားသခင်ပြုတော်မူသော အကြောင်းအရာတို့ကို တစ်ခုချင်းပြောပြလေ၏။
20 ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။
21 သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။
22 သို့ဖြစ်၍ မည်သို့ပြုကြမည်နည်း။ သင်ရောက်ရှိနေကြောင်း သူတို့ကြားကြမည်သေချာ၏။
23 ထို့ကြောင့် သင့်ကို ငါတို့ပြောသည့်အတိုင်း ပြုပါလော့။ ငါတို့တွင် အဓိဋ္ဌာန်ပြုထားသော လူလေးဦးရှိ၏။
24 ထိုသူတို့ကို ခေါ်သွား၍ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် သူတို့ခေါင်းကို ခေါင်းတုံးရိတ်ရန် သူတို့အတွက် စရိတ်ခံပေးပါလော့။ သို့ပြုလျှင် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင် ပညတ်တရားကိုစောင့်ထိန်းလျက် လိုက်လျှောက်နေကြောင်း သူတို့အားလုံးသိကြလိမ့်မည်။