37 သူ့ကို စခန်းထဲသို့ခေါ်ဆောင်သွားမည်ပြုစဉ်တွင် ပေါလုသည် တပ်မှူးကြီးအား “သင်နှင့်အနည်းငယ် အကျွန်ုပ်စကားပြောခွင့်ရမည်လော”ဟု ဆို၏။ တပ်မှူးကြီးကလည်း “သင်သည် ဂရိစကားကိုပြောတတ်သလော။
38 သို့ဖြစ်လျှင် သင်သည် ဤနေ့များမတိုင်မီက ပုန်ကန်ထကြွလျက် အကြမ်းဖက်သမားလေးထောင်ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည့် အီဂျစ်အမျိုးသားမဟုတ်လော”ဟု မေးလေ၏။
39 ပေါလုကလည်း “အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်ပြီး ဆီလီဆီးယားပြည်၏ထင်ရှားသောမြို့ဖြစ်သည့် တာရှုမြို့မှလာသော ပြည်သားတစ်ယောက်ဖြစ်ပါသည်။ လူတို့အား စကားပြောခွင့်ပြုရန် သင့်ကို အကျွန်ုပ်တောင်းပန်ပါသည်”ဟု ဆိုလေ၏။
40 တပ်မှူးကြီးကလည်း ခွင့်ပြုသဖြင့် ပေါလုသည် လှေကားပေါ်တွင်ရပ်လျက် လူတို့အား လက်ရိပ်ပြရာ အလွန်တိတ်ဆိတ်သွားလေ၏။ ထိုအခါ သူသည် ဟေဗြဲဘာသာစကားဖြင့် ပြောကြား၍