တ​မန်​တော်​ဝတ္ထု 22:24-30 MSB

24 တပ်​မှူး​ကြီး​သည် ပေါ​လု​ကို စ​ခန်း​ထဲ​သို့​ခေါ်​သွား​ရန် အ​မိန့်​ပေး​၍ လူ​တို့​သည် အ​ဘယ်​ကြောင့် သူ့​ကို​ဆန့်​ကျင်​လျက် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို သိ​ရှိ​ရန်​အ​တွက် သူ့​ကို​ကြိမ်​ဒဏ်​ပေး​၍ စစ်​ဆေး​ကြ​ရန် ညွှန်​ကြား​လေ​၏။

25 သူ့​ကို ကြိုး​နှင့်​ချည်​နှောင်​ကြ​သော​အ​ခါ ပေါ​လု​က အ​နီး​၌​ရပ်​နေ​သော​တပ်​မှူး​အား “သင်​တို့​၌ ရော​မ​နိုင်​ငံ​သား​တစ်​ဦး​ကို မ​စစ်​ဆေး​ဘဲ ဒဏ်​ခတ်​ရိုက်​နှက်​ပိုင်​ခွင့်​ရှိ​သ​လော”​ဟု မေး​လေ​၏။

26 တပ်​မှူး​သည် ထို​စ​ကား​ကို​ကြား​လျှင် တပ်​မှူး​ကြီး​ထံ​ချဉ်း​ကပ်​လျက် “သင်​မည်​သို့​ပြု​မည်​နည်း။ ဤ​သူ​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​သည်”​ဟု သ​တင်း​ပို့​လေ​၏။

27 ထို​အ​ခါ တပ်​မှူး​ကြီး​သည် ပေါ​လု​ထံ​သို့​လာ​၍ “ငါ့​ကို​ပြော​ပါ​လော့။ သင်​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​သ​လော”​ဟု မေး​လျှင် ပေါ​လု​က “ဟုတ်​ပါ​သည်”​ဟု ဆို​၏။

28 တပ်​မှူး​ကြီး​က​လည်း “ငါ​သည် ငွေ​အ​မြောက်​အ​မြား​ပေး​၍ ဤ​နိုင်​ငံ​သား​အ​ဖြစ်​ကို ရ​ရှိ​သည်”​ဟု ဆို​လျှင် ပေါ​လု​က “အ​ကျွန်ုပ်​သည် ရော​မ​နိုင်​ငံ​သား​အ​ဖြစ် မွေး​ဖွား​လာ​ခဲ့​ပါ​သည်”​ဟု ဆို​၏။

29 ထို့​ကြောင့် သူ့​ကို​စစ်​ဆေး​မည့်​သူ​များ​သည် ချက်​ချင်း သူ့​ထံ​မှ ဆုတ်​ခွာ​သွား​ကြ​၏။ တပ်​မှူး​ကြီး​က​လည်း ပေါ​လု​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြောင်း​သိ​လျှင် သူ့​ကို​ချည်​နှောင်​လိုက်​မိ​သည့်​အ​တွက် ကြောက်​ရွံ့​လေ​၏။

30 နောက်​တစ်​နေ့​တွင် တပ်​မှူး​ကြီး​သည် ဂျူး​လူ​မျိုး​တို့​၏​စွပ်​စွဲ​ခြင်း​ကို ပေါ​လု​အ​ဘယ်​ကြောင့်​ခံ​နေ​ရ​သည်​ကို အ​တိ​အ​ကျ​သိ​လို​သ​ဖြင့် ပေါ​လု​ကို အ​ချည်​အ​နှောင်​မှ​ဖြေ​ပေး​ကာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် တ​ရား​လွှတ်​တော်​တစ်​ခု​လုံး​အား စု​ဝေး​ကြ​ရန် အ​မိန့်​ပေး​ပြီး​လျှင် ပေါ​လု​ကို​ခေါ်​ဆောင်​လာ​၍ သူ​တို့​ရှေ့​၌​ရပ်​စေ​၏။