တ​မန်​တော်​ဝတ္ထု 24:1-6 MSB

1 ငါး​ရက်​လွန်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​န​နိ​သည် ရှေ့​နေ​တေ​ရ​တု​လု​မှ​စ​၍ သက်​ကြီး​ဝါ​ကြီး​အ​ချို့​တို့​နှင့်​အ​တူ ရောက်​လာ​၍ ဘု​ရင်​ခံ​ထံ​ပေါ​လု​ကို​တ​ရား​စွဲ​ဆို​ကြ​၏။

2 ပေါ​လု​ကို​ခေါ်​ထုတ်​လာ​သော​အ​ခါ တေ​ရ​တု​လု​သည် သူ့​ကို စ​တင်​စွပ်​စွဲ​၍ လျှောက်​ထား​သည်​မှာ “မြတ်​သော​ဖေ​လဇ်​မင်း၊ အ​ရှင့်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် များ​စွာ​သော​ငြိမ်း​ချမ်း​မှု​ကို​ခံ​စား​ရ​လျက် အ​ရှင်​၏​အ​မြော်​အ​မြင်​ကြောင့် ဤ​တိုင်း​ပြည်​တွင် ပြု​ပြင်​ပြောင်း​လဲ​မှု​များ​ဖြစ်​ပေါ်​နေ​ပါ​သည်။

3 အ​ကျွန်ုပ်​တို့​သည် ဤ​ဆောင်​ရွက်​မှု​များ​ကို နေ​ရာ​တိုင်း​၌ အ​စဉ်​အ​မြဲ အ​ထူး​ကျေး​ဇူး​တင်​စွာ​ဖြင့် ကြို​ဆို​ကြ​ပါ​သည်။

4 သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည် အ​ရှင့်​ကို ကြာ​မြင့်​စွာ​အ​နှောင့်​အ​ယှက်​မ​ပေး​မိ​စေ​ရန် အ​ကျွန်ုပ်​တို့​၏​အ​ကျဉ်း​ချုပ်​လျှောက်​ထား​ချက်​ကို ကျေး​ဇူး​ပြု​၍​နား​ထောင်​ပေး​ပါ​ရန် ပန်​ကြား​အပ်​ပါ​သည်။

5 ပြဿ​နာ​ကို​သာ​ဖန်​တီး​လေ့​ရှိ​သော​ဤ​သူ​သည် ကမ္ဘာ​အ​ရပ်​ရပ်​ရှိ ဂျူး​လူ​မျိုး​အ​ပေါင်း​တို့​၌ ဆူ​ပူ​အုံ​ကြွ​မှု​များ​ဖြစ်​ပေါ်​အောင် လှုံ့​ဆော်​နေ​သူ​ဖြစ်​ပြီး နာ​ဇ​ရက်​ဂိုဏ်း​ကွဲ​၏​ခေါင်း​ဆောင်​တစ်​ဦး​လည်း​ဖြစ်​ကြောင်း တွေ့​ရှိ​ရ​ပါ​သည်။

6 သူ​သည် ဗိ​မာန်​တော်​ကို​လည်း မ​တော်​မ​လျော်​ပြု​ရန် ကြိုး​စား​ခဲ့​သော​ကြောင့် အ​ကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်း​ဆီး​ခဲ့​ပါ​သည်။