တ​မန်​တော်​ဝတ္ထု 24:13-19 MSB

13 ယ​ခု အ​ကျွန်ုပ်​အ​ပေါ်​စွပ်​စွဲ​နေ​သည့်​အ​ချက်​များ​နှင့်​ပတ်​သက်​၍​လည်း သူ​တို့​သည် အ​ရှင့်​ထံ​သက်​သေ​မ​ပြ​နိုင်​ပါ။

14 သို့​သော် အ​ကျွန်ုပ်​သည် ဂိုဏ်း​ကွဲ​ဟု သူ​တို့​ခေါ်​ဝေါ်​သော တ​ရား​လမ်း​အ​တိုင်း ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​နေ​ကြောင်း အ​ရှင့်​ရှေ့​၌​ဝန်​ခံ​ပါ​သည်။ အ​ကျွန်ုပ်​သည် ပ​ညတ်​တ​ရား​နှင့်​ညီ​သော​အ​ရာ​များ​နှင့် ပ​ရော​ဖက်​ကျမ်း​များ​တွင် ရေး​ထား​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ယုံ​ကြည်​လျက်

15 သူ​တို့​ကိုယ်​တိုင်​လည်း စောင့်​မျှော်​သ​ကဲ့​သို့ ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​စေ၊ မ​ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​စေ နောင်​တွင် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဟု ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ မျှော်​လင့်​နေ​ပါ​သည်။

16 ထို့​ကြောင့် အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​တို့​ရှေ့​တွင် အ​ပြစ်​တင်​စ​ရာ​ကင်း​သော အ​သိ​စိတ်​အ​မြဲ​ထား​ရှိ​ရန် ကြိုး​စား​အား​ထုတ်​ပါ​သည်။

17 ယ​ခု နှစ်​အ​တန်​ကြာ​ပြီး​နောက် အ​မျိုး​သား​ချင်း​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​ရန်​နှင့် ပူ​ဇော်​သက္ကာ​များ​ဆက်​ကပ်​ရန် အ​ကျွန်ုပ်​ရောက်​ရှိ​လာ​ပါ​သည်။

18 ဗိ​မာန်​တော်​၌ သန့်​ရှင်း​စင်​ကြယ်​စေ​ခြင်း​ခံ​ယူ​ပြီး​သော​အ​ကျွန်ုပ်​ကို သူ​တို့​တွေ့​မြင်​သည့်​အ​ချိန်​တွင် လူ​အ​စု​အ​ဝေး​မ​ရှိ၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​လည်း မ​ရှိ​ခဲ့​ပါ။

19 သို့​ရာ​တွင် အာ​ရှ​ပြည်​မှ ဂျူး​လူ​မျိုး​အ​ချို့​ရှိ​ကြ​ပါ​သည်။ သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ် အ​ပြစ်​တင်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​လျှင် အ​ရှင့်​ရှေ့​၌ ကိုယ်​တိုင်​လာ​၍ စွဲ​ဆို​သင့်​ပါ​သည်။