တ​မန်​တော်​ဝတ္ထု 24:24-27 MSB

24 ရက်​အ​နည်း​ငယ်​ကြာ​ပြီး​နောက် ဖေ​လဇ်​မင်း​သည် ဂျူး​အ​မျိုး​သ​မီး​ဖြစ်​သော မိ​မိ​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​ရောက်​လာ​၍ ပေါ​လု​ကို​ဆင့်​ခေါ်​လျက် ခ​ရစ်​တော်​ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​အ​ကြောင်း​ကို သူ့​ထံ​မှ​နား​ထောင်​လေ​၏။

25 သို့​သော် ပေါ​လု​က ဖြောင့်​မတ်​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​နှင့် ရောက်​လာ​မည့်​တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​တို့​ကို ဆွေး​နွေး​ပြော​ဆို​သော​အ​ခါ ဖေ​လဇ်​မင်း​သည် ကြောက်​လန့်​၍ “ယ​ခု​သွား​ဦး​လော့။ နောက်​မှ အ​ချိန်​ရ​သော​အ​ခါ သင့်​ကို ငါ​ခေါ်​ဦး​မည်”​ဟု ဆို​လေ​၏။

26 တစ်​ချိန်​တည်း​မှာ​ပင် ပေါ​လု​သည် သူ့​ကို လာဘ်​ငွေ​ပေး​လိမ့်​မည်​ဟု​လည်း မျှော်​လင့်​သော​ကြောင့် သူ​သည် ပေါ​လု​ကို​မ​ကြာ​ခ​ဏ​ခေါ်​၍ စ​ကား​ပြော​ဆို​လေ​၏။

27 နှစ်​နှစ်​ကြာ​ပြီး​နောက် ပေါ​ကိ​ဖေတ္တု​မင်း​သည် ဖေ​လဇ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​လေ​၏။ ဖေ​လဇ်​မင်း​သည် ဂျူး​လူ​မျိုး​တို့​အား ကျေး​ဇူး​ပြု​လို​၍ ပေါ​လု​ကို​အ​ကျဉ်း​ချ​ထား​ရစ်​ခဲ့​လေ​၏။