တ​မန်​တော်​ဝတ္ထု 25:4-10 MSB

4 ထို​အ​ခါ ဖေတ္တု​မင်း​က ပေါ​လု​သည် ဆီ​ဇာ​ရီး​ယား​မြို့​တွင် ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​ပြီး သူ​ကိုယ်​တိုင်​လည်း မ​ကြာ​မီ​ပြန်​သွား​ရန် ရည်​ရွယ်​ထား​ကြောင်း ဖြေ​ကြား​ပြီး​လျှင်

5 “ထို့​ကြောင့် သင်​တို့​တွင် ဩ​ဇာ​ရှိ​သော​သူ​တို့​သည် ငါ​နှင့်​အ​တူ​လိုက်​ခဲ့​၍ ထို​လူ​၌ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​လျှင် သူ့​ကို စွဲ​ဆို​ကြ​ပါ​စေ”​ဟု ပြော​ဆို​လေ​၏။

6 ထို့​နောက် ရှစ်​ရက်၊ ဆယ်​ရက်​ခန့် သူ​တို့​ထံ​၌​နေ​ပြီး​မှ ဆီ​ဇာ​ရီး​ယား​မြို့​သို့ ဆင်း​သွား​၍ နောက်​တစ်​နေ့​တွင် တ​ရား​ခွင်​၌​ထိုင်​လျက် ပေါ​လု​ကို​ခေါ်​သွင်း​ရန် အ​မိန့်​ပေး​လေ​၏။

7 ပေါ​လု​ရောက်​သော​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​မှ​လာ​သော ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက် သူ​တို့​သက်​သေ​မ​ပြ​နိုင်​သော ကြီး​လေး​သည့်​စွဲ​ချက်​များ​စွာ​တို့​ကို သူ့​အ​ပေါ်​တင်​ကြ​၏။

8 ပေါ​လု​က​လည်း “အ​ကျွန်ုပ်​သည် ဂျူး​လူ​မျိုး​တို့​၏​ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ဆီ​ဇာ​ဧ​က​ရာဇ်​ကို​လည်း​ကောင်း တစ်​စုံ​တစ်​ခု​မျှ မ​ပြစ်​မှား​ခဲ့​ပါ”​ဟု ချေ​ပ​ပြော​ဆို​၏။

9 ဖေတ္တု​မင်း​သည် ဂျူး​လူ​မျိုး​တို့​ကို ကျေး​ဇူး​ပြု​လို​သ​ဖြင့် ပေါ​လု​အား “သင်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​၍ ထို​မြို့​၌ ငါ​၏​ရှေ့​တွင် ဤ​အ​မှု​များ​နှင့်​ပတ်​သက်​ပြီး စစ်​ဆေး​စီ​ရင်​ခံ​လို​သ​လော”​ဟု မေး​လေ​၏။

10 သို့​သော် ပေါ​လု​က “အ​ကျွန်ုပ်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​၏​တ​ရား​ခွင်​၌ ရပ်​နေ​သည်​ဖြစ်​၍ ထို​နေ​ရာ​တွင် အ​ကျွန်ုပ်​ကို စစ်​ဆေး​စီ​ရင်​သင့်​ပါ​သည်။ အ​ရှင်​လည်း ကောင်း​စွာ​သိ​သည့်​အ​တိုင်း ဂျူး​လူ​မျိုး​တို့​ကို အ​ကျွန်ုပ်​မ​ပြစ်​မှား​ခဲ့​ပါ။