တ​မန်​တော်​ဝတ္ထု 26:10-16 MSB

10 ဂျေ​ရု​ဆ​လင်​မြို့​တွင် ထို​အ​တိုင်း​ပြု​ခဲ့​ပါ​သည်။ အ​ကျွန်ုပ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​လျက် များ​စွာ​သော​သန့်​ရှင်း​သူ​တို့​ကို ထောင်​ထဲ​၌​ပိတ်​လှောင်​ထား​ကာ သူ​တို့​အ​သတ်​ခံ​ရ​သည့်​အ​ခါ​လည်း ထောက်​ခံ​ခဲ့​ပါ​သည်။

11 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မ​ကြာ​ခ​ဏ​ပြစ်​ဒဏ်​ပေး​လျက် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ကြ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ခဲ့​ပါ​သည်။ ထို​မျှ​မ​က သူ​တို့​အ​ပေါ် အ​လွန်​ဒေါ​သ​ထွက်​၍ တိုင်း​တစ်​ပါး​မြို့​များ​သို့​တိုင်​အောင် သူ​တို့​ကို လိုက်​လံ​ညှဉ်း​ဆဲ​ခဲ့​ပါ​သည်။

12 ဤ​သို့​ဖြင့် အ​ကျွန်ုပ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​၏​ခွင့်​ပြု​ချက်​နှင့်​အ​ခွင့်​အာ​ဏာ​တို့​ပါ​လျက် ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​စဉ်

13 မွန်း​တည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်​ခြည်​ထက်​မ​က​တောက်​ပ​သော ကောင်း​ကင်​မှ​အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ​၍ အ​ကျွန်ုပ်​နှင့်​အ​တူ​ခ​ရီး​သွား​သူ​များ​ပတ်​လည်​တွင် ထွန်း​လင်း​သည်​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အ​ရှင်​မင်း​ကြီး။

14 အ​ကျွန်ုပ်​တို့​အား​လုံး​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို​ကန်​ရန် သင့်​အ​တွက်​ခက်​၏’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို အ​ကျွန်ုပ်​ကြား​ရ​ပါ​သည်။

15 ထို​အ​ခါ အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော​ယေ​ရှု​ဖြစ်​၏။

16 သင်​သည်​ထ​၍ သင့်​ခြေ​ဖြင့်​မတ်​တတ်​ရပ်​လော့။ ငါ​သည် သင့်​ထံ​ထင်​ရှား​သည်​မှာ ငါ့​ကို​သင်​မြင်​ရ​သည့်​အ​ကြောင်း​နှင့် သင့်​အား ငါ​ထင်​ရှား​ပြ​မည့်​အ​ရာ​များ​အ​တွက် သင့်​ကို အ​မှု​တော်​ဆောင်​အ​ဖြစ်​လည်း​ကောင်း၊ သက်​သေ​အ​ဖြစ်​လည်း​ကောင်း ခန့်​ထား​ရန်​ဖြစ်​၏။