တ​မန်​တော်​ဝတ္ထု 26:26-32 MSB

26 အ​ဂြိပ္ပ​မင်း​ကြီး​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သိ​တော်​မူ​သည်​ဖြစ်​၍ ရှေ့​တော်​၌ ရဲ​ရင့်​စွာ​ပြော​ဆို​နေ​ခြင်း​ဖြစ်​ပါ​သည်။ ဤ​အ​ရာ​များ​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​၌​ဖြစ်​ပျက်​ခဲ့​သည့်​အ​ရာ​မ​ဟုတ်​သော​ကြောင့် ၎င်း​တို့​ထဲ​မှ မင်း​ကြီး​မ​သိ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု အ​ကျွန်ုပ်​ထင်​မြင်​ပါ​သည်။

27 အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ရှင်​သည် ပ​ရော​ဖက်​ကျမ်း​များ​ကို ယုံ​ကြည်​တော်​မူ​ပါ​သ​လော။ ယုံ​ကြည်​တော်​မူ​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

28 ထို​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​က “သင်​သည် တို​တောင်း​သော​အ​ချိန်​အ​တွင်း​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​အောင် စည်း​ရုံး​နေ​ပါ​တ​ကား”​ဟု ပေါ​လု​အား ဆို​လေ​၏။

29 ပေါ​လု​က​လည်း “တို​တောင်း​သော​အ​ချိန်​အ​တွင်း​ဖြစ်​စေ၊ ကြာ​ရှည်​သော​အ​ချိန်​အ​တွင်း​ဖြစ်​စေ အ​ရှင်​မင်း​ကြီး​သာ​မ​က ယ​နေ့ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​သည်​လည်း ဤ​ချည်​နှောင်​ခြင်း​မှ​တစ်​ပါး အ​ကျွန်ုပ်​ကဲ့​သို့​ဖြစ်​လာ​ကြ​ရန် ဘု​ရား​သ​ခင်​ထံ အ​ကျွန်ုပ်​ဆု​တောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။

30 ထို​အ​ခါ မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည်​ထ​ပြီး မိ​ဖု​ရား​ဗေ​ရ​နိတ်​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။

31 သူ​တို့​သည် ထွက်​ခွာ​သွား​ပြီး​နောက် “ဤ​သူ​သည် သေ​ဒဏ် သို့​မ​ဟုတ် အ​ချုပ်​အ​နှောင်​ခံ​ထိုက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ပြု​ခဲ့​ပါ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

32 အ​ဂြိပ္ပ​မင်း​ကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်​ပေး​နိုင်​သည်”​ဟု ဆို​လေ​၏။