တ​မန်​တော်​ဝတ္ထု 28:14-20 MSB

14 ထို​မြို့​တွင် ညီ​အစ်​ကို​တို့​ကို​တွေ့​ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခု​နစ်​ရက်​ခန့်​နေ​ထိုင်​ရန် ဖိတ်​ခေါ်​ကြ​၏။ ဤ​သို့​ဖြင့် ငါ​တို့​သည် ရော​မ​မြို့​သို့​ရောက်​လာ​ကြ​၏။

15 ငါ​တို့​အ​ကြောင်း​ကို​ကြား​သော ညီ​အစ်​ကို​တို့​သည် ငါ​တို့​နှင့်​တွေ့​ဆုံ​ရန် ရော​မ​မြို့​မှ အပ္ပိ​အ​ရပ်​နှင့် ဧည့်​ရိပ်​သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အ​ရပ်​တိုင်​အောင် လာ​ကြ​၏။ ပေါ​လု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​လျက် အား​တက်​လာ​လေ​၏။

16 ရော​မ​မြို့​သို့​ဝင်​ကြ​သော​အ​ခါ ပေါ​လု​သည် သူ့​ကို​စောင့်​ကြပ်​သည့် စစ်​သား​နှင့်​အ​တူ သီး​သန့်​နေ​ခွင့်​ကို​ရ​လေ​၏။

17 သုံး​ရက်​လွန်​သော​အ​ခါ ပေါ​လု​သည် ဂျူး​လူ​မျိုး​တို့​၏​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ်​၍ စု​ဝေး​စေ​၏။ သူ​တို့​စု​ဝေး​လာ​ကြ​သော​အ​ခါ ပေါ​လု​က “ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် မိ​မိ​လူ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​စံ​များ​ကို​လည်း​ကောင်း ဆန့်​ကျင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ခဲ့​သော်​လည်း ဂျေ​ရု​ဆ​လင်​မြို့​တွင် အ​ကျဉ်း​သား​အ​ဖြစ် ရော​မ​လူ​မျိုး​တို့​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။

18 ရော​မ​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​ကို​စစ်​ဆေး​ကြ​ရာ အ​ကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်​မှု​မ​တွေ့​သော​ကြောင့် အ​ကျွန်ုပ်​ကို​ပြန်​လွှတ်​လို​ကြ​သည်။

19 သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က ကန့်​ကွက်​ကြ​သ​ဖြင့် အ​ကျွန်ုပ်​သည် မ​လွဲ​သာ​၍ ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​ရ​သည်။ အ​ကျွန်ုပ်​၏​လူ​မျိုး​ကို​စွပ်​စွဲ​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရှိ​၍​မ​ဟုတ်​ပါ။

20 ဤ​အ​ကြောင်း​ကြောင့် အ​ကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့​ဆုံ​၍ စ​ကား​ပြော​ရန် သင်​တို့​ကို​ဖိတ်​ခေါ်​ခြင်း​ဖြစ်​သည်။ အ​မှန်​စင်​စစ် အ​ကျွန်ုပ်​သည် အစ္စ​ရေး​လူ​မျိုး​၏​မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့် ဤ​သံ​ကြိုး​ဖြင့် ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်”​ဟု ဆို​လေ​၏။