19 သို့ရာတွင် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသဖြင့် အကျွန်ုပ်သည် မလွဲသာ၍ ဆီဇာဧကရာဇ်ထံ အယူခံဝင်ရသည်။ အကျွန်ုပ်၏လူမျိုးကိုစွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍မဟုတ်ပါ။
20 ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
21 ထိုအခါ သူတို့က “ငါတို့သည် ယုဒပြည်မှ သင့်အကြောင်းရေးပို့သောစာများကို မရရှိခဲ့ကြပါ။ ထိုပြည်မှရောက်လာသော ညီအစ်ကိုတို့တွင်လည်း သင်နှင့်ပတ်သက်သည့် မကောင်းသောအရာတစ်စုံတစ်ခုကို သတင်းပို့သောသူ သို့မဟုတ် ပြောဆိုသောသူတစ်ယောက်မျှမရှိပါ။
22 သို့သော် ဤဂိုဏ်းနှင့်ပတ်သက်၍ အရပ်ရပ်တို့၌ ဆန့်ကျင်ပြောဆိုနေကြောင်း ငါတို့သိထားသည်ဖြစ်၍ သင်မည်သို့စိတ်သဘောရှိသည်ကို သင့်ထံမှ ငါတို့ကြားလိုသည်”ဟု ဆိုကြ၏။
23 ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
24 အချို့တို့သည် သူဟောပြောသောအရာများကို လက်ခံကြသော်လည်း အချို့တို့သည် မယုံကြည်ကြချေ။
25 ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား